ရေတံခွန်နှစ်ခု - သရဝဏ် (ပြည်)

""""""""" ရေတံခွန်နှစ်ခု """""""""
  
    ✏ ~ သရ၀ဏ်(ပြည်)✏ 

♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨

“သမီး ဒီကြေးကွင်းတွေ
မ၀တ်ချင်ဘူး မေတ် (အမေ)"

ကျွန်မစကားကြောင်.အမေထိတ်လန်.တုန်လှုပ်သွားဟန်ရှိသည်။အ၀တ်ဖြင်.လုံခြုံစွာထုပ်ထားသောကြေးဝါကွင်းများကိုရေတွက်နေသောအမေ..
လက်အစုံကရုတ်တရက်
ရပ်တန်.သွားသည် ။ 

“ ဘယ်လိုပြောလိုက်တာလဲ ဖမု(သမီး) …ဒီကြေးကွင်းတွေဟာ နင်.အဖွားအမြတ်တနိုး ၀တ်ခဲ.တဲ.ကြေးကွင်းတွေ ၊ အခုနင်.အသက်ဆယ်နှစ်ပြည်.ပြီ တို.ရိုးရာအလိုအရ လာမယ်.လပြည်.နေ. နတ်နဂါးပူဇော်ပွဲမှာ နင်.လည်ပင်းမှာကြေးကွင်းခုနစ်ကွင်း စ၀တ်ပေးမယ် ၊ ဒါဒို.ရိုးရာ ယဉ်ကျေးမှုပဲ ဖမုရယ် ။ ဘာလို.မ၀တ်ချင်ရတာလဲ “

 ကျွန်မဘာလို. ဤသို.ငြင်းဆန်ရသလဲဆိုတာ ကျွန်မကိုယ်တိုင်လည်း ဘယ်လိုမှရှင်းမပြတတ်ပေ ။ ကျွန်မငယ်စဉ်ဘ၀ကိုပြန်စဉ်းစားလိုက်တိုင်းမြင်ယောင်လာသော မြင်ကွင်းမှာ လည်ပင်းကိုကြေးကွင်းစွပ်ရန်ငြင်းဆန်နေသော ၁၀ နှစ်အရွယ်ကလေးတစ်ယောက်၏ ငိုမဲ.မဲ.မျက်နှာဖြစ်သည် ။ 

ပဒေါင်လူမျိုးမိန်းကလေးတစ်ယောက်
အတွက် လည်ပင်း၌ကြေးကွင်းများ
၀တ်ဆင်ရခြင်းသည် မြန်မာမိန်းကလေးများ အရွယ်ရောက်လာ၍နားကပ်ပန်လိုက်
ရသလောက် လွယ်ကူသော
သာမန်ပြုရိုးပြုစဉ်ဓလေ့တစ်ခုပဲဖြစ်သည် ။ အသက် ၁၀ နှစ်တွင်တစ်ခါ ၊ 
၁၃ နှစ်နှင်. ၁၆ နှစ်တွင်တစ်ခါစီ လည်ပင်း၌ကြေးဝါကွင်းများ
၀တ်ဆင်ရသည် ။ တစ်ခါလျှင်ကြေးကွင်းခုနစ်ကွင်း၀တ်ဆင်ရသည် ။ ထို.ကြောင်.အသက်၁၆ နှစ်ပြည်.ပြီးသော ပဒေါင်မိန်းကလေးတစ်ယောက်၏လည်ပင်းတွင် ကြေးကွင်း ၂၁ ကွင်း ၀တ်ပြီးဖြစ်တော.သည် ။  
၁၆ နှစ်ကျော်လျှင်တော.
မိမိသဘေဆန္ဒအတိုင်းထပ်မံ၍၀တ်ဆင်
လိုက ၀တ်ဆင်နိုင်သည် ။  
ရပ်လိုက ၂၁ ကွင်းနှင်.
ရပ်ထား၍လည်းရသည် ။ အချို.အမျိုးသမီးများက ၂၈ ကွင်းအထိ ၀တ်ဆင်ကြ၏ ။ သူတို.လည်ပင်းများလည်းရှည်ထွက်လာသည် ။ ကြွက်သားများလည်းပျော့လာသည် ။ သူတို.လည်ပင်းမှကြေးကွင်းများကို
သေသည်အထိချွတ်မရတော. ။ တစ်ဘ၀လုံးတစ်သက်လုံးမိမိမှာ
ပြင်ဆင်ခွင်.မရှိတော.။ဒါကိုပင်ကျွန်မ
မနှစ်မြို.နိုင်ခြင်းပဲဖြစ်မည်ထင်သည်။ လူဆိုတာအချိန်မရွေး
ပြောင်းလဲတတ်ကြတော. သူတို.မှာပြင်ဆင်ခွင်.ရှိသင်.သည်ဟု
ကျွန်မထင်သည် ။ ကျွန်မမြို.မှာကျောင်းသွားနေ၍ ဒီလိုအတွေးအခေါ်မျိုးဖြစ်လာတာ ဟု
လူကြီးများက မေ.ဟ် (အမေ.)ကို
အပြစ်တင်ကြ၏ ။ 
ကျွန်မတို.ဇာတိ ဆားမွန်ကြီးရွာမှ မိုင်(၇၀)ခန်.ဝေးသောလွိုင်ကော်မြို.တွင် ကျွန်မကိုကျောင်းထားခဲ.သဖြင်. ကျွန်မမြန်မာစာနှင်.စကားကို ကျွမ်းကျင်စွာ ရေးနိုင်ဖတ်နိုင်လာခဲ.သည် ။ ကျောင်းပိတ်ချိန်များ၌
ရွာမှာပင်ပြန်လာနေသဖြင်. ကျွန်မ၏မိခင်ဘာသာစကားဖြစ်သော ကယန်းဘာသာကိုလည်း
ပြောဆိုနိုင်ခဲ.သည် ။ ကျွန်မတို.ကျေးရွာအသိုင်းအဝိုင်း၌မြို.သို.တက်၍ကျောင်းနေခြင်းသည် ဘာမှအကျိုးမရှိသောဖြုန်းတီးမှုသက်သက်ဟုရှုမြင်ခဲ.ကြသည် ။ သို.သော် ဖား(အဖေ) မသေခင်က အတန်တန်မှာကြားသွားသောကြောင်. သူ.မိတ်ဆွေတစ်ယောက်၏အိမ်နေ၍ ကျောင်းတက်ရန်အမေတို့
.စီစဉ်ပေးခဲ.ကြသည် ။ ကျွန်မမြင်တွေ.ဖူးသောမြို.မှ
လူအများစုသည် ။ ကျွန်မတို.ရွာမှအမျိုးသမီးများလို လည်ပင်း၌ ကြေးကွင်းများ၀တ်ဆင်လေ.မရှိချေ။ ဘာကြောင်.ပဒေါင်လုံမတွေလည်ပင်းမှာ
ကြေးကွင်းတွေ၀တ်ဆင်ကြသလဲ ဟူသောကျွန်မမေးခွန်း ကိုအမေက ဤသို.ဖြေ၏။

“ တို.တတွေဟာ နတ်ကိုကိုးကွယ်ခဲ.ကြတဲ.လူတွေပဲ ဖမု(သမီး)ရဲ. ၊ တို.ရွာကနေ တောင်စဉ်တန်းတွေကိုကျော်ကာသွားရင် နဂါးတောင်ဆိုတာရှိတယ် ၊ အဲဒိတောင်ဟာနဂါးနတ်မင်းကြီးရဲ.
ဗိမာန်လို. ယုံကြည်ကြတယ် ။ လပြည်.ညတွေဆို အဲဒိတောင်ထွတ်ကနေ နဂါးအော်သံလို ၊ မြွေတွန်သံလို အသံတွေကြားရတတ်တယ် ၊ အဲဒိအခါမျိုးမှာ ရွာထဲကမိန်းကလေးအချို.ကိုခေါ သွားပြီး နဂါးကြီးကို၀တ်ပြုတောင်းပန်ရတယ် ။ သူတို.၀တ်ပြုဆုတောင်းတဲ.နေရာမှာ နဂါးမျိုးနွယ်အချင်းချင်းမို. စောင်.ရှောက်ကူညီဖို.ပြောဆို
တောင်းပန်ရတယ် ။ နဂါးနဲ.တူအောင်လည်း အမျိုးသမီးလေးတွေကို နတ်ပြပြီး လည်ပင်းမှာ ကြေးဝါကွင်းတွေစွပ်ပေးကြတယ် ။ အဲဒိအချိန်ကစပြီး အဲဒိမိန်းကလေးဟာ နဂါးဇာတ်၀င်သွားပြီမို. နဂါးနတ်ကြီးကမဖမ်းစားတော.ဘူး ၊ဒါပေမယ်. အစဉ်အလာအရ နတ်နဂါးတောင်ကိုအမျိုးသားတွေသွားခွင်.မရှိဘူး ၊ အကယ်၍သွားခဲ.မယ်ဆိုရင် သဘာဝဘေးအန္တရာယ်ဆိုးတွေ ၊ကပ်ရောဂါဘေးတွေ
ကျရောက်တတ်တယ်လို.အားလုံးက ပြင်းပြင်းထန်ထန်ယုံကြည်ကြတယ် သမီး ။ အဲဒိအချိန်ကစလို. အမေတို.ဟာ ဘိုးစဉ်ဘောင်ဆက် ကြေးဝါကွင်းတွေလည်ပင်းမှာ
စွပ်လာခဲ.တယ် ၊ နဂါးနတ်ကိုကိုးကွယ်လာခဲ.ကြတယ် “

“ ဒါဆို ကျားကိုက်မှာစိုးလို.လည်ပင်းမှာ
ကြေးကွင်းတွေစွပ်ထားတယ်ဆိုတာ
မဟုတ်ဘူးပေါ.နော်”

“ မဟုတ်ပါဘူး ဖမုရယ် ၊ ရိုးရာနတ်ကိုးကွယ်လို. 
တပ်ထားကြတာပါ “ အမေကကျွန်မကိုရှင်းပြရင်း
နတ်နဂါးတောင်ရှိရာဘက်ကို ရှိခိုးဦးချပြီး 
“ မသိမလိမ္မာလို. ကြေးကွင်းမ၀တ်ချင်တဲ.
ကျွန်မသမီးလေးကိုခွင်.လွှတ်တော်မူပါ နဂါးနတ်မင်းကြီးရယ် ၊ ပြစ်ဒဏ်အပေါင်း ၊ ဘေးအပေါင်းမှကင်းလွတ်ခွင်.ပြုပါ ၊တန်ခူးလပြည်.နဂါးတောင်ပွဲတော်မှာ ထပ်မံပသတောင်းပန်ပါ.မယ် သမီးလေးကိုဗွေမယူပါနဲ. “ 

ဟုတိုင်တည်၍ ကျွန်မမှာကြက်သီးတွေဖျန်းကနဲ ထလာပြီး ကြောက်လန်.သွားမိသည် ။ သို.သော်ဤကြောက်စိတ်ကို ကျွန်မ၏ဆင်ခြင်တုံတရားနှင်.မိုက်ရူးရဲဆန်မှုက အနိုင်ယူသွား ပါသည် ။ တကယ်တော. ကျွန်မလည်း ကျွန်မတို.လူမျိုးများ အစဉ်အလာ ကိုးကွယ်လာသော နဂါးနတ်မင်းကိုလေးစားပါသည် ။ သို.သော်ထိုလေးစားမှုကို အခြားနည်းလမ်းဖြင်.ပြတော.မည် ဟုဆုံးဖြတ်လိုက်ပါသည် ။ တန်ခူးလတွင် နတ်နဂါးကြီးကိုမည်သို.တောင်းပန်ခဲ.သလဲ ကျွန်မမသိတော.ပါ ။ အဘယ်.ကြောင်.ဆိုသော်ထိုနှစ်စာမေးပွဲပြီးချိန်မှစကာကျွန်မရွာသို.ပြန်မရောက်တော.သောကြောင်. ဖြစ်ပါသည် ။ ကျွန်မအဖေ၏မိတ်ဆွေများက ကျွန်မကိုမွေးစားလိုက်ပါသည် ။ ကျွန်မမြို.မှာပင်ကျောင်းဆက်နေရသည် ။ လွိုင်ကော်မှပင်ဆယ်တန်းအောင်သည် ။ ကျွန်မသည်လည်ပင်း၌ကြေးကွင်းစွပ်ခံရန်ငြင်းဆန်ခဲ.သောပထမဆုံးပဒေါင် မိန်းကလေးဖြစ်ရုံမက ၊ ရန်ကုန်တက္ကသိုလ်သို.တက်ရောက်ပညာသင်ကြားခဲ.သောပထမဆုံးပဒေါင်မိန်းကလေးဖြစ်မည်ထင်ပါသည် ။ စာဖတ်သူများနားလည်လွယ်စေရန်ကျွန်မကိုယ်ကျွန်မ “ပဒေါင် “ ဟူသောနာမည်ကိုခေါ်ဝေါ် ်သုံးစွဲခဲ.ခြင်းအတွက် ကျွန်မ၏သားချင်းများကို များစွာအားနာပါသည် ။ အဘယ်.ကြောင်.ဆိုသော် “ပဒေါင် “ဆိုသောအခေါ်အဝေါ်သည် ရှေးဟောင်းစကားလုံးတစ်ခုဖြစ်ပြီး ကယန်းဘာသာစကားက သတ်မှတ်ထားသောကြောင်.ဖြစ်ပါသည် ။ 

      ရန်ကုန်တက္ကသိုလ်မှာပင် ကျွန်မမောင်နှင်.စတင်ရင်းနှီးမိခဲ.ပါသည် ။ မေဂျာခြင်းမတူကြသော်လည်း အနုပညာဝါသနာတူကြသူချင်းမို. ပင်းယဆေယင်တွင်နေသော မောင်နှင်. သီရိဆောင်တွင်နေသောကျွန်မ တို. အဓိပတိလမ်းနှင်.ဂျပ်ဆင်အောက်မှာ ညနေခင်းများကိုအတူတကွဖြတ်သန်းလာခဲ.ကြပါသည် ။ တက္ကသိုလ်တွင်နေထိုင်ခွင်.ရခဲ.သော လေးနှစ်တာကာလသည် ကျွန်မဘ၀၏ ပျော်ရွှင်ချမ်းမြေ.ဖွယ်အကောင်းဆုံး နှစ်ကာလများပဲဖြစ်ပါသည် ။ မောင်နှင်.ချစ်သူတွေဖြစ်ကြပြီးသောအခါ ဘ၀သည်အဓိပါယ်အသစ်နှင်.ပို၍နေချင်စဖွယ် သာယာလာပေသည် ။ ထိုစဉ်ကာလများအတွင်းကျွန်မနှစ်ခေါက်ခန်.သာ ရွာသို.ပြန်ရောက်ခဲ.သည် ။ ရွာကလေးကတော.ယခင်အတိုင်း ခေတ်နောက်ကျဆဲ၊ အရိုးစွဲအယူသည်းမှုများရှိနေဆဲ ၊ မိန်းကလေးများကလည်းလည်ပင်းတွင် ကြေးကွင်းများ ခုံမင်တပ်ဆင်သုံးစွဲကြဆဲ ၊ နတ်နဂါးမင်းကိုကိုးကွယ် ပူဇော်နေကြဆဲ ။ အရာရာသည်ယခင်ကအတိုင်း မပြောင်းလဲပဲသီးသီးသန်.သန်.တည်နေကြဆဲပဲဖြစ်သည် ။ သို.သော်ပြောင်းလဲမှုအချို.လည်းရွာ၍ရှိခဲပါသည် ။ ကျွန်မတို.ရွာမှပဒေါင်အမျိုးသမီးအချို.ကိုထိုင်းနိုင်ငံဘက်မှဟိုတယ်များက စားရိတ်ငြိမ်းတစ်လလျှင်ဘတ်ငွေငါးထောင်ခန်.ဖြင်. လာရောက်ငှားရမ်းကြခြင်းဖြစ်သည် ။ ကျွန်မတို.ရွာမှထိုင်းသို.နှစ်ရက်ခန်.လမ်းလျှောက်သွားရသည် ။ 

   ထိုင်းဟိုတယ်များကပဒေါင်များကို သစ်ကုလားအုပ်လည်ပင်းနှင်.မိန်းမပျိုများ ( Giraffe Lady ) ဟုဆိုကာ ဒေါ်လာယူ၍ ကမ္ဘာလှည်.ခရီးသည်များကိုဓါတ်ပုံရိုက်ခွင်.ပေးသည် ဟုသိ၇သည်။ မြန်မာပြည်တွင်းမှညောင်ေ၇ွှနှင်.ခေါင်တိုင် ၊အင်းလေး ရှိ ဟိုတယ်များ ၊ အမှတ်တရပစ္စည်းရောင်းသောဆိုင်များ ကလည်း ပဒေါင်အမျိုးသမီးများကိုခေါ် ယူငှားရမ်းစပြုလာကြသည် ။ ကျွန်မတို.ရွာမှအမျိုးသမီးကြီးအချို.လည်း ရေကြည်ရာမြက်နုရာသို. ထွက်ခွာသွားကြကြောင်းသိရတော. ကျွန်မအံ.သြမိသည် ။ ကိုယ်.ကိုယ်ကိုယ်အထူးအဆန်းသဖွယ်ပြသကာဓါတ်ပုံအရိုက်ခံ၍ ရရှိလာသော အသပြာငွေကြေးကို မက်မောသောသူအချို.အတွက် ပဒေါင်လူမျိုးတစ်ယောက်အနေနှင်. ရှက်ရွံ.စိတ်နှင်.ဒေါသဖြစ်ရ၏ ။ နိုင်ငံတကာစာနယ်ဇင်းများတွင်ကျွန်မတို.မျိုးနွယ်များ၏ ဓါတ်ပုံများပါလာတိုင်း အမေ.ပုံဘယ်တော.ပါဘာမလဲဟုတွေးကာ မောင်မမြင်အောင်သက်ပြင်းချရ၏ ။ 
    ပညတတ်ကြီးတစ်ယောက်အဖြစ်မိုးထိအောင်လှေကားထောင်ချင်သော၊တက္ကသိုလ်တွင်နည်းပြ သရုပ်ပြဖြစ်ချင်လွန်းသောကျွန်မ၏ရည်မှန်းချက်များသည်နောက်ဆုံးနှစ်စာမေးပွဲအပြီးတွင် ကျွန်မကိုကျောင်းထားပေးသောကျေးဇူးရှင်ဘဘကြီးကွယ်လွန်သွားခြင်းကြောင်.တစ်စစီကွဲကြေပျက်သုဉ်းခဲ.ရလေသည် ။ မဟာဝိဇ္ဖာတက်ခွင်.မီသော်လည်း ဆက်မတက်တော.ပဲရုံးတစ်ရုံးတွင်စာရေးမ၀င်လုပ်ကာဘ၀ကိုရပ်တည်ခဲ.၏။နောက်တစ်နှစ်ကြာသောအခါမောင်နှင်.လက်ထပ်ခဲ.ပြီးဘ၀ကိုထူထောင်ခဲ.သည် ။ မောင်ကဒေဝူးလျှပ်စစ်ကုမ္မဏီတွင် အရောင်းမြှင်.တင်ရေးမှူးရာထူးရသည် ။ အင်းစိန်ဘက်တွင်အိမ်ခန်းတစ်ခန်းကိုငှားပြီးနေသည် ။ကျောင်းပြီး၍တစ်နှစ်အကြာတွင် တက္ကသိုလ်မှအိပ်မက်များ ၊အဓိပတိလမ်းမှချစ်ပုံပြင်များ ဝေးလွင်.သွားပြီး လက်တွေ.ဘ၀ထဲသို.ကျွန်မတို.နှစ်ယောက် စမ်းတဝါးဝါး ရောက်ရှိသွား၏ ။ 

   လက်တွေ.ဘ၀တွင် ကံ.ကော်ပန်းရနံ.များအစား မီးသွေးမီးဖိုမှပြာမှုန်.များသာရှိသည် ။ နှစ်ယောက်သားချစ်ကြည်နူးရသောညနေခင်းများအစား ဘတ်စ်ကားတိုးဝှေ.စီးရသောမွန်းကျပ်မှုများသာရှိခဲ.သည် ။ ကင်တင်းထိုင်၍အတူစားခဲ.ရသောထမင်းဟင်းများအစား ချွေတာရေးဟင်လျာများကနေရာယူလာသည် ။ ထိုအခက်အခဲများကိုချစ်ခြင်းမေတ္တာနှင်.အကောင်းမြင်ဝါဒသာမ၇ှိလျှင် ကြံ.ကြံ.ခံနိုင်ရန်အင်မတန်ခဲယဉ်းပေလိမ်.မည် ။ ကျွန်မဘ၀၏ကံကောင်းခြင်းထဲတွင် သမီးလေးနှင်းကိုမွေးဖွားခဲ.ခြင်းပါ၀င်ပြီး ကံဆိုးခြင်းထဲတွင် တော.မောင် အလုပ်ပြုတ်သွားခြင်းပါ၀င်သည် ။ သမီးကိုမွေးဖွားသောလမှာပင် မောင်တို.ကုမ္မဏီမှ၀န်ထမ်းလျှော.ရာတွင် မောင်ပါသွားခဲ.သည် ။ မောင်သည်အိမ်ထောင်စားရိတ်နှင်.ကလေးစားရိတ်ကာမိစေရန် သူတစ်ခါမှမလုပ်ဖူးသော လမ်းဘေးစျေးသည်အဖြစ်နှင်. တာ၀န်ကြေသောခင်ပွန်းကောင်း ၊ ဖခင်ကောင်း တစ်ယောက်၏စိတ်ဓာတ်ကိုပြသခဲ.သည် ။ မောင်အလုပ်ကောင်းကောင်းတစ်ခုရရန်ငွေပေးဖို.လိုသည်ဆိုတော. ကျွန်မနားကပ်လေးကိုရောင်းချလိုက်သည်.အပြင် လိုငွေကိုမိတ်ဆွေတစ်ဦးထံမှ ချေးယူခဲ.သည် ။ အကြွေးတွေတင်သည်.ကြားမှ မောင်အလုပ်တစ်ခုတည်တည်တန်.တန်.ရသွားတာကို၀မ်းသာမိသည် ။

    တစ်နေ.တွင် သမီးက ကျွန်မမျှော်လင်.မထားသော မေးခွန်းတစ်ခု ကိုကောက်ကာငင်ကာ မေး၏ ။ 

“မေမေ သမီးအဖွားက ပဒေါင်လူမျိုးဆို “  

သမီး၏မပီကလာစကားသံကိုမသာယာနိုင်ပဲ ကျွန်မအနည်းငယ်ကသိကအောက်ဖြစ်သွားလျက်

“ ဟုတ်တယ် ၊အဲဒါဘာဖြစ်လဲ “ ဟုခပ်ဆတ်ဆတ်ပြန်ပြောလိုက်သည် ။

“ပဒေါင်ဆိုရင်ကြေးကွင်းကြီးတွေ လည်ပင်းမှာ စွပ်ရတာပေါ. ၊သမီးကြီးလာရင် ကော လည်ပင်းမှာ ကြေးကွင်းကြီးတွေ၀တ်ရမှာလားဟင် မေမေ “ 

“ ဘယ်တော.မှမ၀တ်ရဘူးသမီး ၊ ဘယ်တော.မှမ၀တ်ရဘူး ၊ မေမေ.တုန်းကလည်းမ၀တ်ခဲ.ဘူး ၊သမီးကျရင်လဲမ၀တ်ရဘူး ၊ ပညာတတ်ကြီးဖြစ်အောင်လုပ်မယ်လိုေ.တာ.စိတ်မကူးဘူး ၊ဒါတွေနင်ဘယ်ကတတ်လာလဲဟင်မိနှင်း ပြောစမ်း “

 ကျွန်မ၏ဒေါသကြောင်. ကလေးမှာ ထိတ်လန်.ပြီး ကျွန်မလက်ဖြင်.သူ.ပုခုံးကိုလှုပ်ကာနေသဖြင်. နာကျင်ငိုယိုနေ၏ ။ မောင်ကကျွန်မကိုစိတ်လျှော.ရန်ဖျောင်းဖျ၏။
“မိန်းမ သတိထားဦးလေ ၊သမီးလေးနာသွားပြီ “
ထိုအခါမှ သမီးလေးကိုဖက်ကာ ကျွန်မပါရော၍ ငိုမိပါသည် ။ကျွန်မဘာကြောင်.ငိုသလဲ ၊ သမီးလေးသိမည်မထင်ပါ။

**********************************

အမေ.ရွာသို.နောက်တစ်ခေါက် ပြန်ရောက်ခြင်းသည် ကျွန်မအတွက်တော. အိပ်မက်လိုပင်ဖြစ်နေသည် ။ ဆယ်.ငါးနှစ်ခန်.ကြာမှ တစ်ခေါက်ပြန်ရောက်သဖြင်. ရွာမှာကျွန်မမမှတ်မိတာတွေများနေသည် ။ မြို.မှာနေသောကျွန်မက မီးသွေးဖြင်.ထမင်းချက်နေရချိန်မှာ အမေတို.ရွာမှာ လျှပ်စစ်မီးဖိုကိုသုံးနေကြသည် ။ မြို.မှာ မမှန်တာကိုမအံ.သြခဲ.သောကျွန်မသည် လောပိတလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင်. နီးကပ်စွာ တည်နေသောရွာတွင် ၂၄ နာရီ မီးလင်းနေခြင်းကိုအားကျသည် ။ ငွေစုငွေချေးမှ ဒီတစ်ခါပိုက်ဆံရလျင် ဆယ်.လေးလက်မ ရုပ်မြင်သံကြားစက် တစ်လုံးလောက်တော.၀ယ်လိုက်ပါဦးမည်ဟူသော ကျွန်မစိတ်ကူးကို ရွာမှ ရုပ်သံစက်များကလှောင်နေကြသည် ။ အမေ.ထံမှသံကြိုးစာရ၍ ကမန်းကတန်းလာခဲ.ရစဉ်က လကုန်ရက်ဖြစ်၍ ဟောလစ်တစ်ပုလင်းကိုသာ အမေ.ကိုကန်တော.ရန်အနိုင်နိုင်၀ယ်လာခဲ.ရသည် ။ အသက်ကြီးလာ၍ ခါးကကိုင်းကိုင်း လည်ပင်းကရှည်ရှည် ပဒေါင်၀တ်စုံအမည်းကြီးနှင်.အမေ.ကို သမီးလေးကကြောက်နေသည် ။ မောင်ကအလုပ်မအား၍ရန်ကုန်မှာပင်နေခဲ.သည် ။

 ကျွန်မတို.ပြန်မည်.နေ.က အမေ.မျက်၀န်း၌ မျက်ရည်တွေဝေသီနေသည် ။ ကျွန်မတို.အမေ.ကိုကန်တော.ပြီးသောအခါ အမေက အိမ်ခန်းတွင်းသို.၀င်သွားပြီး ဝါးကျည်တောက်စုဗူးတစ်ခုကိုယူ၍ပြန်ထွက်လာသည် ။ 

“နင်.ကိုငါတစ်ခုတောင်းပန်ချင်တယ်ဖမု ၊ ငါနင်မကြိုက်မှန်းသိလျက်နဲ. ညောင်ရွှေကဟိုတယ်တစ်ခုကလာငှားလို. ငါ နှစ်နှစ်လောက် သွားနေခဲ.တယ် ။ နင်မရှိတော.မနေတတ်တာလည်းပါတာပေါ. ၊ ငါယက်တဲ. တဘက်လေးတွေ ။လွယ်အိပ်လေးတွေကိုလည်း နိုင်ငံခြားသား တွေက၀ယ်ကြတယ် ။ ဓာတ်ပုံရိုက်ရင်လည်းပိုက်ဆံပေးတယ် ။ ဟိုတယ်ကကျွေးထားတော.ငါဘာကုန်မှာလဲ ၊ ရွာမှာလည်းပိုက်ဆံမလိုဘူးလေ ၊ ငါ.မှာတောင်ယာရှိနေတာပဲ ။ ဒီဗူးထဲမှာပိုက်ဆံနည်းနည်းရှိတယ် ။ မြေးလေးကိုမုန်.ဖိုးပေးချင်လို. ၊ ပြီးတောဖမုကိုလည်းတွေ.ချင်လို. မြို.ကိုသွားတဲ.လူကြုံနဲ. သံကြိုးရိုက်ပြီးခေါ်လိုက်တာ ၊ ငါအသက်ကြီးပြီလေ ဒါဟာနင်နဲ.ငါနောက်ဆုံးတွေ.တာလည်း
ဖြစ်ချင် ဖြစ်မှာပေါ.ကွယ် “

  အမေပေးလိုက်သောဝါးကျည်တောက်ကလေးကိုယူကာ မငိုမိအောင်ချုပ်ထိန်းရင်း ကျွန်မထွက်လာမိခဲ.ပါသည် ။ နောက်သုံးလကြာသောအခါ သမီးလေးကျူရှင်အပ်ရန်ငွေလိုသဖြင်. ဝါးကျည်တောက်ကလေးကို ခွဲလိုက်သောအခါတွင်မှ ကျွန်မငိုမိပါတော.သည် ။ ဝါးကျည်တောက်ထဲတွင် ဒေါ်လာငါးရာခန်.နှင်. မြန်မာငွေ ကိုးထောင်ခန်.ရှိပါသည် ။ ဒေါ်လာများမှာ အရွက်ကြီးများမဟုတ်ပဲ တစ်ဒေါ်လာတန် ၊ငါးဒေါ်လာတန်အရွက်ကလေးများဖြစ်သည် ။ တစ်ဒေါ်လာတန်ကများပါသည် ။ တိုးရစ်တစ်ယောက်ကဓာတ်ပုံတစ်ခါရိုက်တိုင်း တစ်ဒေါ်လာခန်.ပေးခဲ.ဟန်တူပါသည် ။ ဤသို.ဆိုလျှင်ဤမျှငွေတွေရအောင် အမေမည်မျှစုဆောင်းခဲ.ရမလဲ ။ ဘယ်လောက်ပင်ပန်းခဲ.မလဲ ။ ထိုပိုက်ဆံများကိုသုံးမပစ်တော.ပဲ အမေ.ကို ပြန်ပေးချင်လာသည် ။သို့သော်
အမေ.စကားကိုကြားယောင်လာ၏ ။

“ ဒါတွေအမေတို့မှ မလိုပဲ ဖမုရာ “ တဲ့ …

-
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ 

✏ သရဝဏ်(ပြည်) ✏ 

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ 

၁၉၉၇ မိုးမိုး (အင်းလျား)၀တ္တုတိုပြိုင်ပွဲ
ပထမဆုရစာမူ
------------------

(Hlwan Moe Aung) 24.12.18

Post a Comment

0 Comments