========== မီမိုး
““သူနဲ့သီတာက စိတ်ချင်း အရမ်းဝေးသွားပြီ””တဲ့။ ပြော ပုံလေးကဆွေးဆွေးမြေ့မြေ့ လေး။ မျက်လုံးလေးတွေက လည်းရီရီဝေ၀ဖျော့ဖျော့ တော့တော့။နဂိုလှတဲ့မျက်လုံး ကတော့ ဆွေးဆွေးမြေ့မြေ့ ဖြစ်နေလည်း လှနေတာပါပဲ။ ကျွန်မကတော့ လက်ထဲက လက်ချုပ်လိုက်လက်စ အ ထည်လည်း အလုပ်မပျက်စေရ၊ သူပြောသမျှလည်း ထိုင်နား ထောင်ရင်းက တစ်ချက် တစ် ချက်သူ့ကို ငေးကြည့်ဖြစ်ရင်း သီတာကခုချိန်ထိလှနေတုန်း ပဲလို့စိတ်ထဲကမှတ်ချက်ပေး နေမိတယ်။သူ့ ရင်ဖွင့်စကား တွေကို နား ထောင်ပေးရုံကလွဲပြီး ဝေဖန်ချက်လည်းမပေး၊ ဆွေးနွေး ဖော်လည်းမရတဲ့ ကျွန်မကို သူ့စိတ်ထဲဘယ်လိုမှ သဘော မထားဘူးထင်ပါရဲ့။ သူ့ဘက် ကသာစကားတွေ တစ်သွင် သွင်စီးဆင်းနေတယ်။ ကျွန်မ ကိုရင်ဖွင့်လို့လည်း ဘာအကြံ ဥာဏ်မှ မရနိုင်ဘူးဆိုတာ သူ ကြိုသိထားပုံပါပဲ။ တကယ်ဆို ကျွန်မက ဟိုးအရင်ငယ်ဘ၀ တွေထဲကခပ်တုံးတုံးမိန်းမ တစ် ယောက်လေ။ ကျွန်မတို့တစ်၀မ်း ကွဲညီအစ်မတွေစုံလို့ ဆန့်ကျင် ဖက်ယောကျာ်းလေးတွေအ ကြောင်းပြောကြတိုင်း ကျွန်မက နားထောင်သမား သက်သက်။ သူတို့ရဲ့ ပြောစရာများပြားမှု တွေကို တအံ့တသြနားထောင် ရင်းငါ့အလှည့်မှာ ဘာလို့ပြောစ ရာ မရှိပါလိမ့်လို့ တွေးဖြစ်ခဲ့ဖူးပါတယ်။ ဖွားဖွား ပြောနေ ကြစကား တစ်ခွန်းကတော့ ““ငါ့မြေးသင်းသင်းကညည်းတို့ တွေလို မဟုတ်ဘူး၊ အရိုးခံလေး၊ အပျို ကြီးဖြစ်မယ့် ကလေး”” တဲ့လေ။ ဒါပေမယ့်ကျွန်မအပျိုကြီး တော့မဖြစ်ခဲ့ပါ။ကျွန်မ လက် ထပ်တော့မယ်ဆိုတော့ညီအစ်မ ၀မ်းကွဲတွေအားလုံး တအံ့တသြ တသောသောနဲ့ မင်္ဂလာပွဲကို လာရောက်ခဲ့ကြပါတယ်။ အ မျိုးသားကို ရင်းနှီးခင်မင် တစ် သားထဲကျသွားချိန်မှာတော့ မမသင်းသင်း လက်ထပ်မယ့် ခင်ပွန်းက ဒီလိုလူမျိုးကလွဲပြီး တခြားလူ မရှိနိုင်ဘူးတဲ့လေ။ ဒါဟာကျွန်မနဲ့ခင်ပွန်းသယ် ရဲ့ အေးဆေးရိုးသားသော ဆက် ဆံမှုများကိုကြည့်ပြီး ချတဲ့ မှတ်ချက်ပဲ ထင်ပါရဲ့။
““ သီတာ အချစ်စစ်ကို ခုမှတွေ့တာ မမသင်းသင်း သိ လား”” အော်..ပြောပြန်ပြီ။ သီတာရေ..နင်အရွယ်ရောက် ကတည်းကဒီစကားကို ပြောခဲ့့တာဘယ်နှစ်ကြိမ်ရှိပြီလဲ။ စိတ် ထဲက ပြုံးမိပေမယ့် ပါးစပ်က တော့ ပြုံးရုံပဲပြုံးပြီးကြည့် ဖြစ် တယ်၊ သီတာကတော့ သူ့ဖီ လင်နဲ့သူ ကျွန်မ အပြုံးကို သ တိထားမိဟန် မတူပါဘူး။ မ နက်မိုးလင်းကတည်းက ရောက် လာပြီး သူ့ အချစ်ဇာတ်လမ်းကို ရင်ဖွင့်နေတာ နားထောင်ရတဲ့ ကျွန်မ ပင်ပန်းလှပြီ။ကျွန်မ ပတ် ၀န်းကျင်ကလူတွေ ကျွန်မကိုဆို ဘာလို့များ ရင်ဖွင့်ဖော်လူသား အဖြစ် သတ်မှတ်ကြပါလိမ့်။ကျွန်မရဲ့ ပြိဿရာသီဖွား အရပ် ပုသူများဇာတာအရကိုက သစ်္စာ ရှိတယ်၊ နှုတ်လုံတယ်ဆိုတာမို့ ရင်ဖွင့်မယ့်သူများနေလား မသိ ပေ။ တကယ်ဆို သစ်္စာရှိချင်လို့ နှုတ်လုံချင်လို့ရယ်မဟုတ်ပဲ ကျွန်မ ကိုယ်တိုင်က သူတို့ကိစ်္စ များကို လိုက်မမှီခဲ့ခြင်းမို့ သတင်းဖြန့်ဖို့လည်း စိတ်ကူးမ ရှိ။ ကိုယ့်အရေးထက်လည်း ပို စိတ်မ၀င်စားမိပဲ သူတို့ပြောပြီး ပြီးပြီပဲ သဘောထားလိုက်ခဲ့ခြင်း ပါ။““ဒါ ကိုနေလင်း ၀ယ်ပေး ထားတဲ့ လက်ဆောင်လေ”” သီတာ့ အသံကြောင့်ကျွန်မ သူညွှန်ပြနေတဲ့ သူ့လက်ကို ကြည့်ဖြစ်တယ်။ နာရီလှလှ လေးတစ်လုံး။ အဖိုးသေးပုံမ ရပေမယ့် ဘယ်လောက်လဲ ဆိုတာ မသိချင်တော့ပါ။ သီတာ့ နှုတ်မှ ကိုနေလင်းဆိုသူ၏ အ လိုက်သိမှုများအကြောင်း တဖွဲ့ တနွဲ့တွေ ပြောပြလို့ရယ်။ ကျွန် မကတော့ သီတာ့စကားများ ထက် သီတာရဲ့ လှပသော လက် မောင်းသားများကို သဘောတ ကျဖြစ်နေပါတော့တယ်။အသက် သုံးဆယ့်ရှစ်နှစ်အရွယ်အိမ်ထောင် သယ်အမျိုးသမီး တစ်ယာက်ရဲ့ လက်မောင်းများဟာဒီလောက် လှပနိုင်သေးတယ်လား။တကယ် ဆို သီ တာနှင့်ကျွန်မမှာ လေးနှစ် သာကွာခြားတာပါ။ ကိုယ့်မှာ တော့ သူ့လို လက်ပြတ် မပြော နှင့်။ လက်ရှည်တောင် ပါးလျှင် မ၀တ် ရဲတော့။၀တ်လည်း ကြည့် လို့ကို မကောင်းတာပါ။ မနက် စောစော ယောကျာ်းနှင့်ရန်ဖြစ်ပြီး ထွက်လာသည့်မိန်းမ တစ် ယောက် အပေါ်အောက် လိုက် ဖက်အောင် ၀တ်လာနိုင်တာ လည်း ကျွန်မဖြင့် အံ့သြတာ ပါပဲ။ ကျွန်မဆို ချိန်ရွယ် စဉ်း စားပြီး သွားတဲ့လမ်းမှာတောင် အချိုးကျ အောင် ကိုယ့်ကိုကိုယ် မဆင်တတ်။အင်း..ဒါတွေ ကွာ လို့လည်း ကျွန်မနဲ့သူ ဖြစ်စဉ် တွေကွာကုန်သည်ထင်ပါရဲ့။ သူ့မှာတော့ခုချိန်ထိကို ပန်း နဲ့လိပ်ပြာ ဇတ်လမ်းတွေ မပြီး နိုင်မစီးနိုင်သေး။
““စဉ်းစားကြည့်ပါအုံး မမသင်း သင်းရယ်၊ သူ့လက်ထဲမှာ ရှိ တဲ့ ပစ်္စည်းကို သူလည်း တန်ဖိုး မထားဘူး၊ တခြားလူက တန်ဖိုးထားတော့လည်းသူက မကြည်ဖြူနိုင်ဘူး၊ တကယ်ဆို သူ သီတာ့ကိုကွာရှင်းပေးလိုက် ရင် ပြီးနေပြီ””
““ဟဲ့ ..ကလေးတွေရှိသေး တယ်လေ””
ကြည့် ..မပြောပါဘူး ဆိုမှ မနေနိုင်လွန်းလို့ တစ်ခွန်းထွက် သွားသေးတယ်။သီတာက ကျွန်မ ရဲ့ထောက်ပြတဲ့စကား ကိုခပ်မြန် မြန်တုန့်ပြန်တယ်။ ကလေးတွေ က သူ့ကို အကုန်နားလည် ကြ တယ်ဆိုပါလား။ ကျွန်မ ချုပ် လက်စအထည်ကိုသာ သည်း ကြီးမည်းကြီးချုပ်ရင်း တစ် ခွန်းမှ ထပ်မပြောဖြစ်အောင် ထိန်း လိုက်ရတော့တာပေါ့၊ဟော တီး လုံးသံဆန်းဆန်းနဲ့ သီတာ့ဟန်း ဖုန်းမြည်လာတယ်၊သူ ကျွန်မ ရှေ့မှာဖုန်းမပြောဘူး၊ တကယ် ဆိုကျွန်မတို့အိမ်မှာ ဘယ်နေ ရာကပြောပြော ထိုင်ပြောလို့ ရအောင် လိုင်းမိရဲ့သားနဲ့ ဟိုး အိမ်ရှေ့ထိထွက်သွားပြီး ပြော နေလေရဲ့။ ကျွန်မကတော့ သက် ပျင်းချရင်းကျွန်မတို့ အပျိုဘ၀ တွေတုန်းက ဖွားဖွားအိမ်က လိုင်းဖုန်းအိုအိုကြီးဟာ သီတာ တစ်ယောက်နဲ့ တခြားလူ အ လည့်ကိုမရောက်နိုင်တော့တာ ကျွန်မသတိယနေမိတယ်။ ကျွန် မ သီတာ့ကိုလှမ်းကြည့်တွေး တောနေတုန်းမှာပဲ အိမ်ကဖုန်းက မြည်လာတာမို့ခပ်သွက်သွက် သွားကိုင်ဖြစ်တယ၊်ဒီနေ့ သမီး ကအောင် စာရင်းသွားကြည့်တာ ဆိုတော့ကိုယ်၀မ်းသာအောင် များလမ်းကဆက်လေသလား ပေါ့။
““ကလင် ကလင်””
““ဟယ်လို””
““မမသင်းလား၊ အဲ့ဒီမှာ သီတာရှိလား မမ””
““ အော်..အေး ရှိတယ်၊ မနက်ထဲက ရောက်နေတာ မောင်ထွန်းဦးရဲ့””
““ကျွန်တော် သူနဲ့စကားပြောချင်တယ်””
““အေး နေအုံး သူဖုန်းပြောနေတယ် သွားခေါ်ပေးမယ်””
““နေ နေ မမ၊မခေါ်နဲ့တော့ အဲ့ဒါသူ့အကောင်နဲ့ပြော
နေတာ၊တောက်..ကျွန်တော် မမစီကိုအေးအေးဆေးဆေး
လာခဲ့အုံးမယ်၊မမ ညီမ အ
ကြောင်းတွေတိုင်စရာရှိတယ်
..............””
လာခဲ့အုံးမယ်ဆိုပြီးမလာ
ခင်မှာပဲသီတာ့ယောကျာ်းမောင် ထွန်းဦးတစ်ယောက် ဖုန်းထဲ ကတရစပ်ပြောပြသွားတာများ နားထောင်ရတဲ့သူတောင်မော ကျန်ခဲ့ပါတယ်၊ ဟုတ်လား. .အင်း..အင်း.. ဟုတ်တာပေါ့ ဟုတ်တာပေါ့နဲ့ကျွန်မသံယောင်
လိုက်ရတာများ ပါးစပ်တောင် ညောင်းချိလို့။ကျွန်မဖုန်းချ လိုက်တဲ့အချိန်မှာတော့ သီတာ တစ်ယောက် ထိုင်ခုံမှာပြန် ရောက်နေပြီ။သီတာ့ မျက်လုံး တွေက သူ့ယောကျာ်းဆီကဖုန်း မှန်းသိလို့အရမ်းကျေနပ်နေတဲ့ပုံ မျိုး။ ကျွန်မလည်း သူသိနေမှ တော့ ပြောချင်စိတ်မရှိတော့လို့ ချုပ်လက်စ အထည်ကိုပဲ ပြန် ကိုင်လိုက်တော့တယ်။
““ယောကျာင်္းတွေကရယ်ရတယ်၊
အဲ့လိုအပြိုင်အဆိုင်လေးတွေ ရှိမှ တန်ဖိုးထားတတ်ကြတာ မမသင်းသင်းရဲ့၊အခုဆိုတစ်နေ့ တစ်နေ့သီတာဘာလုပ်လည်း သူ့မှာထောက်လှမ်းနေရတာနဲ့ အချိန်တောင်မအားရှာဘူး၊
နေနှင့်ဦး ..ဒီကပြန်ရင် ဗြူတီပါလာ၀င်ပြီး အချိန် ဖြုန်းလိုက်အုံးမယ်၊ အိမ်ကို ညကြမှပြန်မယ်ဟင်းဟင်း..””
ကျွန်မ သီတာ့ကို နားမလည်မှုများစွာနဲ့ ယောင်ကန်း ကန်းကြည့်ဖြစ်ပါတယ်။ တစ် ဆက်ထဲမှာပဲသီတာရောက်လာလို့ သူ့စကားတွေနားထောင်ဖို့ ပေးလိုက်ရတဲ့အချိန်အတွင်းမှာ လှစ်ဟာသွားတဲ့ကျွန်မရဲ့အလုပ် တွေကိုသူပြန်သွားတာနဲ့ ဘယ် က ဘယ်လို စလုပ်ရမယ်ဆိုတာ အစီအစဉ်ဆွဲနေမိပြန်ပါတယ်။ မရွှေသီတာကတော့ ပြန်ရင် ဗြူ တီပါလာတောင်၀င်အုံးမယ် ဆို ပါလား။အင်း ဒီတပါတ်ခေါင်း လျှော်ရင်တော့ဖြင့် ကျွန်မလည်း အိမ်မှာ မလျှော်ပဲ ဗြူတီပါ လာသွားကာ စတိုင်ကျကျ ခေါင်း အလျှော်ခံရင်ဖြင့်ကောင်းလေ မလား။ တစ်ခါလောက်တော့ လျှော်ဖူးတယ်ရှိအောင် သွားဦးမှ ထင်ပါရဲ့၊။ နို့မို့ဆို ကျွန်မခေတ် နှင့်သိပ်အဆက်ပြတ်သွားလေ မလားလို့အတွေးများတောင် ပေါက် နေမိပါတော့ တယ်။
×××××××××××
မာရီ့စကားသံကို ကြား ပြီးကျွန်မဆံပင်တွေထောင်တက် သွားသလိုပဲ။အံ့သြလွန်းလို့ပါးစပ်လည်း ပြန်စေ့ဖို့မေ့တယ်။မျက်လုံးလဲ ပြန်ကျဉ်းဖို့ကိုမေ့တယ်။မာရီဟာ နောက်နောက် ပြောင် ပြောင်ပြောတတ်တဲ့သူ တစ်ဦးမဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်။ သူနဲ့ကျွန်မ ကြားမှာ လည်း ခိုင်းစရာရှိတာခိုင်း ပေး စရာရှိတာပေးရုံကလွဲပြီး ဟီလာ ဟာလာပြောလေ့ပြောထလည်း မရှိတာမို့ ဒီစကားဟာ အတည် ပေါက်စကားဆိုတာ ပိုလို့တောင် သေချာနေပါသေးတယ်။ခက် တာက ကျွန်မ ဘယ်လိုမှ မယုံ နိုင်တာပြဿနာ။ကျွန်မပုံစံ ကိုကြည့်ပြီး မာရီနည်းနည်း တော့ အနေရခက်ပြီး ရှက်သွား တယ် ထင်ပါရဲ့။
““ကမ်းလှမ်းမယ့်သူရှိတုန်း အားကိုးရာရှာရတာပေါ့ မသင်း
ရယ်””တဲ့လေ။ ကျွန်မရင်ထဲမှာ ရယ်ချင်စိတ်တွေ တလိပ်လိပ် တက်လာတာမို့ ရေမသောက်ချင်ပဲနဲ့ရေတစ်ခွက်ထသောက် ဖြစ်တယ်။သောက်နေရင်းက ရယ်ချင်လာတော့ တခွီးခွီးနဲ့သီးပါလေရော၊ သြော်.. မကောင်းလိုက်တာများနော်။ သူများကိစ်္စ ကိုယ်ကကြားထဲ ကဘာဖြစ်နေရတာတဲ့လဲ။ မီး ပူတွေ ကုန်းတိုက်နေတဲ့ မာရီ ကိုနောက်ကျောဘက်ကအမြင် အတိုင်းကျွန်မ တစိမ့်စိမ့်ခံ စားကြည့်မိပြန်တယ်။ ဆံပင် တော်တော်များများဟာ အဖြူ ဘက်လုနေပါပြီ။ ခေါင်းကနေ ခြေဖျားထိက အရိုးပြိုင်းပြိုင်း ကျအောင် ပိန်လို့။ ကုလားသွေး မို့မည်းပါတယ်ဆိုပေမယ့် ပိုက် ဆံကြွယ်၀ချမ်းသာတဲ့ ကုလား သွေးများက မည်းတာတောင် စိုပြည်ရွှန်းလက်လို့လေ။အခု မာရီတို့ဘ၀ကတော့ မွေးက တည်းက ရုန်းရကန်ရဘ၀မှာ ယောကျာ်းရ ကလေးသားမြေး တွေမွေးလည်း ဘ၀က မပြောင် ယောင်တာမို့ အသားအရေက မွဲခြောက် တွန့်လိမ်နေလို့ရယ်၊အခု ယောကျာ်းလည်းဆုံးအသက်ပဲ ခြောက်ဆယ်ရှိတဲ့ အ ထိဘ၀ကို လှုပ်ရှားရုန်းကန်ရဆဲ မို့ မာရီဟေ့ဆိုလျှင်အမြဲတမ်း မပြောင်မယောင်နဲ့ အသားမည်း မည်း ရုပ်ဆိုးဆိုးကုလားမကြီး အဖြစ်သာ မြင်ရပြောရမည် သာ။ ခုတော့ မာရီတို့ ကံထ စန်း ထပုံများ တနယ်တကျေးကရန် ကုန်ကိုလာလယ်သော အမျိုးတူ အဘိုးကြီးတစ်ဦးက မျက်စိကျ ကာလက်ထပ်ဖို့ ကမ်းလှမ်းပါ သတဲ့။သူကလည်း အားကိုးရာ အဖြစ်လက်ခံလိုက်ပြီတဲ့ လေ။
““မာရီ..မာရီ့သားသမီးတွေ ကဘာမှ မပြောကြဘူးလား””
““မပြောပါဘူးအစ်မရယ်၊သူတို့ကပိုတောင်သဘောတူ
သေးတယ်၊ကိုရှဖီးကပိုက်ဆံရှိတာကိုးအမရဲ့””
““ပိုက်ဆံရှိတာတော့ရှိပေါ့မာရီရယ်၊ ပေါင်းရမှာကမာရီလေ၊တော်ကြာ
လက်ထပ်ပြီးမှအဆင်မပြေဖြစ်ကြရင်ဘယ်လိုလုပ်မလဲ၊ ကိုယ်က သားသမီးမြေးမြစ်တွေနဲ့နေလာတာကြာပြီ၊ယောကျာ်းတစ်
ယောက်ရဲ့ကရိကထကို ခံနိုင် ပါ့မလား၊စဉ်းစားဦးနော်””
တကယ်တော့ ကျွန်မစ ကားကို အတတ်နိုင်ဆုံး လှ အောင်ထိန်းပြောလိုက်တာပါ။ဟုတ်တယ်လေ။ယောကျာ်းဆို တာမိန်းမနဲ့ တူတာမှဟုတ်တာ။ဘယ်လောက်ပဲ အသက်ကြီးကြီး မိန်းမတစ်ယောက်ကိုအလှကြည့် ဖို့ လက်ထပ်တယ် ဆိုတာရှိမှ မရှိပဲ။ ဒေါ်မာရီကြီးအသက်ကြီးကြီးတောင့်ကြီးမားမှဒုက်္ခမ ရောက်စေချင်တာ အမှန်ပါ။သူ တို့အသိုင်းအဝိုင်းမှာဒါမျိုး ထောက်ပြမည့်သူလည်း ရှိမှာ မဟုတ်ဘူးထင်ပါရဲ့။တကယ်ဆို ဒီအရွယ်ဟာ ဘယ်ဘာသာ အ ယူပဲရှိရှိ ကျောင်းကန်ဘုရားမှာ အချိန်ကုန်ရမယ့်အရွယ်လေ။ ကျွန်မ စည်းရုံးရေး၀င်ဖို့ စိတ် ပိုင်းဖြတ်လိုက်ပါတယ်။
““မာရီ့လူကဒီအရွယ်မှတော့ လူပျိုကြီးတော့ မဖြစ်နိုင်ပါဘူး၊
လက်ရှိအိမ်ထောင်တွေ ဘာတွေရှိနေဦးမယ်နော်””
““ မရှိပါဘူး မသင်းရဲ့၊ သူ့မိန်းမဆုံးတာကြာပြီ သူ့ကလေးတွေကလည်း အားလုံးအမွေခွဲပြီးသား၊ အားလုံး လိုင်းရှင်းပါတယ်၊ သူ့မှာကျန်တဲ့ပစ်္စည်းအားလုံးကသူပိုင်ချည်းပဲ””
ဒီမာရီတော့တဆိတ်လွန် ပြီထင်ပါတယ်။ ကျွန်မကစကား စရုံရှိသေးတယ်။သူက သူ့တွက် ကိန်းနဲ့သူ အဆင်ပြေလို့ ပါ လား။ဒါပေမယ့်အိမ်ထောင်ရေး တစ်ခုမှာ ငွေကြေးနှင့်တွက်ပြီး စဉ်းစားမယ်ဆိုရင် သိပ်ကိုမိုက်မဲ ရာ ကျသွားမှာပေါ့။ကျွန်မဆို တဲ့သူကလည်းကိုယ့်ထက်သာ တဲ့သူတွေကိုသာ ၀င်မစွက်ရင် နေမယ်။ ကိုယ့်လောက် မသိတဲ့ သူတွေကိုတော့ သူ့ထိုက်သူ့ကံ လို့ဥပက်္ခာမပြုရက်နိုင်ပါ။ ပြော လက်စနဲ့ ဆက်တော့ပြောလိုက် အုံးမှပါပဲ။
““ ဒီမှာ မာရီရဲ့.. ကိုယ့်စိတ်ချမ်းသာမှုကို ငွေကြေးနဲ့လဲဖို့တော့ နည်းနည်းမှမစဉ်းစားနဲ့နော်၊
မာရီ့ဘ၀မှာပိုက်ဆံမရှိပေမယ့်သားသမီးအစုံအလင်နဲ့စိတ်ချမ်းသာမှုရှိတယ်၊ဥစ်္စာပစ်္စည်းဆိုတာ ကိုယ်နဲ့ထိုက်မှရတာ၊ ဒါကိုမာရီသိတယ်မဟုတ်လား””
““ သိပ်သိတာပေါ့မသင်းရဲ့၊ နေ့မြင်ညပျောက်ဆိုတဲ့စကား
ပုံတောင်ရှိသေးတာပဲ””
““ဟုတ်လိုက်လေ မာရီရယ်၊ ဒါကိုသိသိနဲ့များ ဘာလို့
ယောကျာ်းထပ်ယူမှာလဲ၊ ကိုယ့်ဟာကိုယ်အေးအေး
နေစမ်းပါ””
““ဟင်း..ဟင်း..မဟုတ်သေးဘူးမသင်းရဲ့၊ တကယ်ဆို မာရီ့ဘ၀ကသိပ်အထီးကျန်ဆန်တာ၊ သားတွေ သမီး
တွေကလည်း သူတို့မိသားစုအတွက်ပဲ အာရုံရှိကြတာ၊
တစ်ခါတလေကြတော့လည်း ကိုယ့်ကို အာရုံစိုက်တာ အရမ်းခံချင်တာ၊
ကိုရှဖီးက ကျွန်မကို သိပ် အာရုံကျတာပဲ၊ မာရီ ခုမှ စိတ်ချမ်းသာရတာမသင်းရဲ့””
ဘုရား၊ဘုရား..ကိုရှဖီးက သိပ်အာရုံကျတယ်ဆိုပါလား။ ကျွန်မကတော့ မာရီရဲ့ပြုံးတုံ့ တုံ့ ဒသနအောက်မှာ အလဲအကွဲ ကျဆုံးရပါပြီ။ လောကကြီးမှာကိုယ့်ကိုအာရုံကျတဲ့သူရှိမှ နေ ပျော်သတဲ့လား။ ဒါဆိုရင်ဖြင့် ကျွန်မအတွက်ရော.. ကျွန်မ က အာရုံကျသူမရှိပဲ ဘာလို့ များတည်တည်ငြိမ်ငြိမ်နေနိုင် နေပါလိမ့်။မာရီနှင့်ကျွန်မ တစ် ယောက်ယောက်တော့လွဲနေပြီ ထင်ပါရဲ့လေ။ ကျွန်မတွေဝေ နေဆဲအချိန်မှာပဲ အလုပ်ပြီး သွားတဲ့ မာရီကတော့ သူ့ အပြန် လမ်းအတွက် ခရီးသွက်အောင် ထင်ပါရဲ့။ထမိန်ကိုခပ်တင်းတင်း ကျပ်အောင်၀တ်လို့ ကျွန်မထံ လုပ်အားခ လာတောင်းနေပါပြီ။ကျွန်မကတော့ တစ်ကိုယ်လုံး အရိုးပေါ်အောင် ပိန်သော မာရီ့ခန်္ဓာကိုယ်မှာ ကိုရှဖီး အာရုံ ကျတာဘယ်နေရာများလဲရယ် လို့အစုံအဆန်အကဲခတ်နေမိ ပါတော့တယ်။
×××××××××××××××
ထင်တဲ့အတိုင်းပဲ ကျွန်မ စောရောက်နေပါတော့တယ်။ မိဝေတို့ကတော့ အစဉ်အလာ မပျက်နောက်ကြဆဲပါပဲ ၊သူ့ထုံးစံ သူသိလို့လည်း“နင်တစ်ယောက်ထဲစောရောက်နေရင်ဖြစ်ပါ့မလား၊ ဘေးဆိုင်ကဘီယာဆိုင်ကြီး”” ဆို ကာ ဖုန်းထဲက စိတ်ပူလိုက် သေးတယ်။
““ သူ့ဟာသူ ဘီယာဆိုင်မ ကလို့ဘာဖြစ်ဖြစ် ငါတို့အသက်အရွယ်နဲ့ရှိန်စရာလား””
ဆိုလိုက်မှ သူ့အသံ အိပျော့ပျော့လေးနှင့် ရယ်ကာ ဖုန်းချသွားခဲ့ခြင်းပါ။ သူငယ် ချင်းတွေမတွေ့တာကြာသော် လည်းမိဝေ၏ရယ်သံအိပျော့ပျော့ ကတော့ယခုတိုင်မပြောင်းဆို တာ တွေ့ရင်တော့ ပြောရဦးမှာ။ တကယ်တော့ ဒီရယ်သံ ချွဲတဲတဲ လေးနဲ့့ပဲ တက်္ကသိုလ်မှာ ကြည်နူး စရာ ဇာတ်လမ်းလေးတွေဖန်တီး ခဲ့တာ မနည်းမနောပင်။ မိဝေ ဆိုသော ဒီမိန်းမမှာ သာမန်သူ လိုငါလိုရုပ်ရည်လေး ဖြစ်သော်ငြား အင်မတန်မိန်းမဆန်သော နူးညံ့သည့် လှုပ်ရှားမှု၊ အသံ ဟန်ပန်လေးများနှင့် အကယ်ဒ မီယူတတ်လွန်းသူရယ်ပါ။ကျွန် မတို့ အုပ်စုမှာ မိဝေ ဘာကြောင့် အလွန်စန်းပွင့်သည်ဆိုတာကို ဘယ်သူမျှ အဖြေရှာမရနိုင်ခဲ့။ တကယ်ဆိုလျှင် ကျွန်မတို့ အုပ်စုမှာရုပ်ရည်အလှပဆုံးကခင်လေး နွယ်၊သို့သော် အတော်များများ ယောကျာ်းစုက ခင်လေးနွယ် ကို ကျော်ကာ မိဝေကိုမှ တန်းတန်း စွဲခဲ့ကြသည်မို့ခင်လေးနွယ် တိတ်တခိုး စိတ်ညစ်ခဲ့ရတာ ကျွန်မတို့အသိပင်၊ခုတော့လည်းသူငယ်ချင်းအုပ်စုကြားမှာ ကျွန်မ နဲ့ မိဝေ ဟာ ငယ်ငယ်ရွယ်ရွယ် နှင့် မုဆိုးမဖြစ်ခဲ့သူများမို့ ဝိုင်း ၀န်း အသနားပိုလို့ရယ်ပေါ့။ ကျွန်မ၏မုဆိုးမသက်မှာ ကြာပြီဖြစ်သော်လည်း မိဝေက တော့ သူ၏ချစ်လှစွာသော ခင်ပွန်းဆုံးသည်မှာ တစ်နှစ်ခန့် သာရှိပါသေးတယ်။ သူတို့ အတွဲ မှာမယူခင်ကလည်း ရိုမီယိုနှင့် ဂျူးလိယက်ပမာအချစ်ကြီး ချစ် ကြပြီး အတိုက်အခံကလည်း များ မှများရယ်ပါ။ ယူပြီးလို့ ပျော်ရွှင် လို့ရယ်မှ မဝသေးခင်မှာပဲသေ မင်းက တစ်ဖန် ခွဲသွားပြန်တာမို့ သူငယ်ချင်းတွေကြားမှာ မိဝေ ဟာ အထူးနှစ်သိမ့်အားပေး ရသူဖြစ်နေပါတော့တယ်။ဟော. . တွေးနေစဲ အချိန်မှာပဲ မိဝေ လမ်းကူးလာတာလှမ်းမြင်လိုက် ရပါတယ်။လေပွေတစ်ချက် ဝေ့ သွားချိန်မှာ လမ်းကူးဆဲ မိဝေရဲ့ ဆံပင်ရှည်များက ဖရိုဖရဲ ဝေ့၀ဲ သွားတာ ကြည့်လို့ပင်ကောင်း သေးရဲ့။ သူမကလည်း ဒီအဖြစ် ကိုသတိထားမိပုံနဲ့ဆံပင် တွေ ကိုရှက်ကိုးရှက်ကန်းဟန် ပန် လေးနဲ့သိမ်းယူကာ ဟိုဒီမလုံမလဲ ဝေ့၀ဲကြည့်လိုက်ပုံကအပျိုဖြန်း လေးပမာ။ကျွန်မ ဒီလိုဟန်ပန်ကို ဘယ်သူ့ဆီမှာ မြင်ဖူးပါလိမ့်.. စဉ်းစားစမ်း.. စဉ်းစားစမ်း။ ကြည့်စမ်း၊ဒါ ကျွန်မသမီး ရှစ် တန်းကျောင်းသူ လုပ်တဲ့စတိုင်လ် ပါလား။ မိဝေ. . နင် ဒီချိန်ထိ မူယာမာယာတွေ များတုန်းပါပဲ လားမိန်းမရယ် ဟင်း ဟင်း။ ကျွန်မ ကိုယ့်အတွေးနဲ့ကိုယ်သ ဘောကျနေတုန်း မိဝေ အနား ရောက်လာပါတယ်။ ထုံးစံ အ တိုင်း ကျွန်မက တသောသော တမောမောနဲ့ ပြောချင်ရာတွေ ပြောနေပေမယ့် မိဝေစိတ် က ကျွန်မထံမှာ မရှိသလိုပါဘဲ။ သူ့မျက်လုံးတွေက တစ်စုံတစ် ယောက်ကို ရှာနေသလိုမျိုး။ကျွန်မသိပ်စိတ်မရှည်တော့ဘူး။
““မိဝေ နင်ဘာဖြစ်နေ-”” ကျွန်မစကား ဆုံးခွင့် မရလိုက်ပါ။ မိဝေကို တစ်စုံ တစ်ယောက်က ပိုင်စိုးပိုင် နင်းနဲ့ တစ်ဖက်စာပွဲကို ဆွဲခေါ်သွား တယ်။ ကျွန်မမှာတော့ပါးစပ်အ ဟောင်းသားနဲ့ လျို့ဝှက်သည်း ဖိုကား တစ်ကားကို ကြည့်နေရသ လိုမျိုး သူတို့စာပွဲကို ကြည့်ရ တော့တာပေါ့။ ကျွန်မတို့ အ ရွယ်နဲ့ဆို ကောင်လေးခေါ်ရ မယ့်ယောကျာ်းသားတစ်ဦးက မိဝေကို ““မမ””ချင်းမိုးမွှန်အောင် ခေါ်ပြီး အကြောင်းအရာ တစ်ခု ကိုအသည်းအသန်ရှင်းနေကြလေရဲ့။ တစ်ချက် တစ်ချက် သူတို့ စာပွဲ က ထွက်လာတဲ့ အချစ်ရှင်းတမ်း သံ၊ ချာတိတ်ရဲ့ မကျေမနပ်စာပွဲ ကို ထု သံတွေဟာ ကျွန်မ ရဲ့မျက် နှာကို ဘယ်သွားထားရမှန်း မသိအောင် ဖြစ်စေတာပဲ။ ဘေး စာပွဲက လူတစ်ချို့ကလည်း ပြုံးစိစိနဲ့ကွက်ကြည့် ကွက်ကြည့် ပေါ့။
တကယ်ဆို မိဝေရဲ့ အသက်အရွယ်က စားသောက် ဆိုင် တစ်ခုမှာ ဒီလိုပေါက် ကွဲ ဖြေရှင်းရမယ့်အရွယ်မှ မ ဟုတ်တော့တာ။ရိုမီယို ဂျူးလိ ယက်ဇာတ်လမ်းက ငယ်တုန်း သာ ကြည့်ကောင်းတာ မိန်းမရေ ၊ ငါတော့ နင်လုပ်ပုံနဲ့ သေချင် တာပဲ ၊ ကျွန်မသည်းမခံနိုင်တော့
ဘူး။ကျွန်မကို ဒီဆိုင်ချိန်းတာ သူငယ်ချင်းအချင်းချင်းတွေ့ချင် လို့မဟုတ်မှန်းသိနေမှတော့ ကျွန်မဆက်ထိုင်နေဖို့ မကောင်း တော့ဘူးလေ။ ကျွန်မ စာပွဲထိုး ခေါ်ပြီး ပိုက်ဆံရှင်း ထထွက်ဖို့ လုပ်နေချိန်မှာပဲမိဝေ ကျွန်မ အနားပြန် ရောက်လာတယ်။
““ဆောရီး သင်းသင်းရယ် ငါ့ မှာ ငါ့ဇာတ်လမ်းနဲ့ငါ အရမ်း စိတ်ရှုပ်နေရလို့””
ဆိုပြီး သူမှာထားပြီး မ သောက်ဖြစ်သေးတဲ့ အအေး ခွက်ကိုမော့သောက်နေတယ၊် အခုမှပဲစားရသောက်ရကောင်း မှန်းသိတယ်ထင်ပါရဲ့၊သောက် ပြီးတော့လည်းသူ့စလင်းဘက် ကိုဖွင့် တစ်ရှုးဖြူဖြူ လေးထုတ်ပြီး နှုတ်ခမ်းကို အသာလေးတို့ တို့ သုတ်နေတာများ စိတ်ကိုရှည်ချငစရာမကောင်း ဘူး။ တကယ်ဆို အအေး သောက်တာပဲ။ ဘာပေ စရာ ကြီးကြီးကျယ်ကျယ် ရှိလို့ လဲ။ အလွန့်အလွန်တွေလုပ်နေ လို့ ဒီမိန်းမ ဒီချိန်ထိဇာတ်ရှုပ် နေတာလို့ ကျွန်မ စိတ်ထဲက ပျစ်ပျစ်နှစ်နှစ် တွေးနေမိတယ်။ ဟုတ်တယ် ..သူ့ကို မြင်ရတွေ့ ရတာ အသည်းက ယားနေပြီ။ အင်း..သူငယ်ချင်းကောင်း ပီသ အောင်တော့ မြင်နေ တွေ့နေ သမျှကို သိနေတဲ့ပုံနဲ့သတိတော့ ပေးမှပါပဲ။
““မိန်းမနော်..ယောကျာ်းဆုံးတာ တစ်နှစ်ပဲရှိသေးတယ်၊
ပြောစရာဖြစ်အောင်မနေနဲ့၊ နင် နေ နေတာသူ့ဘက်ကအမျိုးတွေနဲ့ နေ နေတာမဟုတ်လား””
““ဟုတ်တယ်၊ပြောစရာမဖြစ်အောင် ငါလည်းနေတာပဲ၊
ဒါပေမယ့် မုဆိုးမတစ်ယောက်ရဲ့ဘ၀ကမလုံခြုံဘူးသင်းသင်းရယ်၊
နင်ဘယ်လိုများနေနေလဲ၊ငါ့ကိုဆိုလူတွေက သွေးတိုးအရမ်းစမ်းချင်ကြတယ်၊
ခုနကတစ်ယောက်ကတော့ငါ့ကိုအရူးအမူးပဲ၊ကြာတော့ ငါလည်းပုထုဇဉ်ပဲဟာ””
မလုံခြုံဘူးဆိုပါလား။ ကျွန်မသူ့စကားကြားရတာရယ် ချင်လာပါတယ်။ မလုံခြုံတာ ဟာ မုဆိုးမဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မ ဆိုင်ဘဲ မုဆိုးမရဲ့အနေ၊ အထိုင်၊ အပြော၊ အဆိုတွေ နဲ့့ပဲ ဆိုင်တာ ဟဲ့လို့များ ပြောချလိုက်ရင်ကျွန်မ တော့ ငယ်စာရင်းပျက်တော့မယ် ထင်ပါရဲ့။ကိုယ်ပဲ အဖေ ကိုယ်ပဲ အမေဖြစ်နေတဲ့ ကျွန်မအိမ်မှာ တစ်ခုခုဆို ခြေမြန်တော် တပ် သားကကျွန်မပဲမို့ ညကြီးမင်းကြီး အချိန်မတော်တွေမှာလည်း ကျွန်မ အိမ်ပြင်ကို တစ်ယောက် ထဲ ထွက်ဖြစ်နေတာပါပဲ။ နှောက် ယှက်မယ့်သူဝေးလို့စတာနောက် တာသရိုးသရီလေးတောင်မခံ စဖူး။ယောကျာ်းရှိထဲကလုပ် ခဲ့သော ဟိုက်ဝေးကား လုပ်ငန်း မှာလည်းကိုယ်ပဲ ဆက်ဦးစီးရ တဲ့ဘ၀မှာ သူစိမ်းတစ်ရံစာ ယောကျာ်းများစွာနဲ့ လက်တွဲ လုပ်ကိုင်ဖြစ်တာပါပဲ။ အားလုံး ကကျွန်မအပ်ါမှာ ရိုးရိုးသား သားချည်းသာ။တစ်ခုရှိတာက ကျွန်မက စိတ်၀င်စားဖွယ် သွင် ပြင် လက်္ခဏာ မရှိလို့လည်း ပါ မှာပေါ့လေ။ ဒါဖြင့် သီတာ့လိုလဲ မလှသော ထူးထူးခြားခြား ရုပ် ရည်ပိုင်ရှင် မဟုတ်သည့် မိဝေက ရော မလုံခြုံဘူးဆိုတာ ဘာအ ဓိပ်္ပါယ်ပါလိမ့်။ သူတို့ကိုက အ ချစ်ကြီးကြတာပဲ ဖြစ်မှာပါလေ။ကျွန်မ မိဝေကို ကြည့်ရင်း မာရီ့ ကိုမြင်ယောင်လိုက်၊ သီတာ့ ကိုမြင်ယောင်လိုက် ဖြစ်လာ ပါတယ်။ ကျွန်မပတ်၀န်းကျင် ကလူတွေသိပ်ချစ်တတ်ကြတာ ကို ကြည့်ပြီးကျွန်မတစ် ယောက်ထဲ ကမ်္ဘာအပြင်ဘက် ကိုရောက်နေသလိုလို ဖြစ်သွား တာလည်း အမှန်ပါပဲ။
““ကဲ ငါ သွားတော့မယ်၊ဟိုမှာသူစောင့်နေတယ်၊ နောက်မှနင်နဲ့အေးအေး
ဆေးဆေးဆုံမယ်ဟာ..နော်””
ကြည့်ပါအုံး၊ သေလိုက်တဲ့ မျက်လုံးနှယ်၊ ဟိုဘက်ထောင့် မှာစောင့်နေတဲ့ သူ့လူကို ကိုယ် က တကယ်မမြင်တာ။ မိဝေက တော့ ကျွန်မ ခွင့်ပြုချက်တောင် မစောင့် ပဲ နွဲ့နှောင်းပျော့ ပျောင်း စွာနဲ့ထွက်သွားပါပြီ၊ အလယ် လယ် .. မိန်းမ ခုံတစ်ခုနဲ့ တိုက်မိပြီးလဲတာ့မလို့။ အမ လေး ဘာမှမဖြစ်စလောက် တိုက်မိတာကိုအလွန်တရာနာ ကျင်သွားပုံနဲ့ မျက်နှာလေး ကို လှလှလေး ရှုံ့မဲ့ထားတာများ လုပ်တတ် လိုက်တာ။သြော် သြော် ဟိုသကောင့်သားလေးက ကြင်ကြင်နာနာနဲ့ ပွေ့ချီမတတ် ခေါ်သွားပါရောလား။ ဘာပဲ ဖြစ်ဖြစ်ကျွန်မလည်း တစ်ခါ လောက်တော့ မိန်းမ ပီပီသသ နူးနူးညံ့ညံ့လေးနေ ကြည့်ရင် ကောင်းမယ်ထင်ပါရဲ့။
××××××××××××××
ကျွန်မတို့ ငယ်စဉ်အခါ ကဘွားဘွားနှင့်အတူနေစဉ် မြေး အဘွားတွေစုပြီး ဗွီဒီယိုအခွေ ငှား ငှားကြည့်ကြပါတယ်။ အခွေ ထဲမှ မင်းသားမင်းသမီး ချစ်ကွဲ ညားဇာတ်လမ်းများကို ကြည့်ရ တိုင်း ဘွားဘွား ညည်းနေကြ စကားတစ်ခွန်းရှိပါတယ်။ သြော် ..သူတို့တွေထမင်းမစားကြ တော့ဘူးလား မသိဘူးတဲ့လေ။ကျွန်မတို့ကဘွားဘွားရဲ့ဆိုလို ရင်း ကို သိပြီးငြိမ်ကာ ပြုံးနေကြ ချိန်မှာ သီတာကတော့ မပွင့်တ ပွင့်နဲ့ ခပ်တိုးတိုးပြန်ပက်တတ် တာက ““ထမင်းပဲ စားဖူးနေတာပဲ”” တဲ့။
အင်းပေါ့လေ..ထမင်းပဲ လှိမ့်ပိန့်စားနေရင် ဘ၀ဟာ သိပ် နေပျော်စရာမကောင်းဘူး ထင် ပါရဲ့။ ကျွန်မကတော့ထမင်း ကြိုက်သူမို့ မဆာတတ်သူများ ကို ဘာမှ မဝေဖန်လိုတော့ပြီ။
မီမိုး
၂၀၀၉- ဖေဖော်ဝါရီ-ရွှေအမြုတေ
0 Comments