" အိုးမည်းတော ______________________
မောင်ကိုတိုး(ခင်ဦး)
"အောင်မောင်းကွ"
"အောက်အီးအီးအွတ်"
ထွန်းစိန်အသံပေးလိုက်သည်နှင့်တောင်
ပံများကိုတဖြန်းဖြန်းရိုက်ကာအလံလုပွဲမှာဗိုလ်စွဲတဲ့လက်ဝှေ့သမားလိုထီမထင်ဟန်ဖြင့်စိန်ခေါ်
တတ်တဲ့အောင်မောင်း။အောင်မောင်းဆိုတာမြှောက်ပေးလျှင်ဝှေးတက်အောင်ကမည့်ထွန်စိန်၏
တိုက်ကြက်ဖကြီး။လင်းတကြီးလားဟုမေးယူရ
လောက်အောင်အကောင်အထည်ကြီသည်။ခြေ
ထောက်အစုံမှာလည်းလှည်းထမ်းပိုးကြီးနီးနီးလောက်တုတ်ခိုင်သည်။လည်ပင်းနှင့်ရင်အုပ်တစ်ဝိုက်တွင်အမွေးတစ်ပင်မှမရှိတော့။အသားနီရဲရဲများကသာနေရာယူထားသည်။
"ဖဲအစီး ကြက်အကြီး"ဆိုသောစကား
နှင့်အညီအောင်မောင်းဟုဆိုလိုက်သည်နှင့်တော်
ရုံ တန်ရုံကြက်များပွဲမတိုက်ရဲကြ။အကောင်အ
ထည်ကြီးသလိုခြေအစုံရိုက်ချက်ကပြင်းသည်။
ကြက်ချင်းတည်မိလိုက်လျှင်နှစ်ရေ သုံးရေပြင်ပို
မကိုင်ရ။အောင်မောင်း၏မြိနေသောအတက်ဖျားတွင်အုတ်ဆက်(ခေါင်းနောက်)သော်လည်းကောင်း မျက်လုံးသော်လည်းကောင်းပါသွားပြီသာ
မှတ်။
ပွဲတိုက်ခါနီးတိုင်းထွန်စိန်လုပ်နေသည့်
အလုပ်ကလောင်းကြေးငွေများကိုအောင်မောင်း
ရှေ့ချ ပြပြီး "ငါ့သားကြီးအဲဒါလောင်းကြေးငွေပဲ"
ဟုဆိုလိုက်သည်နှင့်အောင်မောင်းသည်ငွေတွေ
ကိုတဗျင်းဗျင်းယက်ကာ အဆက်မပြတ်တွန်ပါ
လေတော့သည်။အဲဒီလောက်သိတတ်သည့်
အောင်မောင်း။
ဒီနယ်မှာ အောင်မောင်းဖြို ခဲ့တဲ့ကြက်
တွေများလှပြီဖြစ်သလိုအောင်မောင်း၏သရဖူလု
နိုင်သည့်ကြက်မရှိသေး။အောင်မောင်းကတကယ့်တိုက်ကြက်။ဟဲဗီးဝိတ်ချန်ပီယံ။ခွပ်လှည့်ချစဉ်မှာပင်ယနေ့ထိရှုံးပွဲမရှိသေးသည့်တိုက်ကြက်ဘုရင်။
ထွန်းစိန် အောင်မောင်းကိုမွေးမိမှနိုင်
ပွဲတွေဆက်သည်။
အောင်မောင်းကို ဒီအဆင့်ထိရောက်
အောင်ထွန်စိန်လွယ်လွယ်နှင့်မွေးခဲ့ရသည်တော့
မဟုတ်ပေ။အောင်မောင်း၏ ဖအေမှာတစ်ချိန်က
မြစ်ရိုးတစ်လျောက်တွင်နာမည်တစ်လုံးဖြင့်ကျော်
ကြားခဲ့သည့် "ကျောက်ခဲစိန်"ဆိုသည့်တိုက်ကြက်
ကြီးဖြစ်သည်။အဲဒီကြက်ကြီး၏မျိ ုး ရိုးကိုရချင်၍
အမွေးမစုံခင်အရွယ်ကတည်းကထွန်းစိန်တမင်
တကာ ရှာဝယ်ပြီးလက်သပ်မွေးခဲ့ခြင်းဖြစ်သည်။
ထွန်းစိန်က အောင်မောင်း၏ကြက်ကိုင်
နည်းပြဆရာဖြစ်သည်။တိုက်ကြက်တို့တတ်အပ်တဲ့အဌရသမှန်သမျှသင်ပေးသည်။ကြီးကောင်ဝင်
စကတည်းကပင်အောက်ခြေခိုင်အောင်ကြိုးတန်းပေါ်တင်ပြီးဒန်းစီးခိုင်းသည်။သက်လုံကောင်း
အောင်ရေကူးခိုင်းသည်။တစ်နေ့ဆယ်ကြိမ်အပေါ်
ကိုမြှောက်၍ပျံခိုင်းသည်။အစာကျွေးလျှင်နှုတ်သီးမတုံးအောင်အမာခံပေါ်ချမကျွေး လက်ဖဝါးထဲ
ထည့်ကာကျွေးသည်။ကျမ်းမာရေးအတွက်ဆေး
မှန်မှန်တိုက်သလိုခွပ်လှည့်ကိုလည်းမှန်မှန်ချသည်။
'တောဖြစ်မဲ့ခွေးအစွယ်မှာသွေးနဲ့' ဆိုသ
လိုအောင်မောင်းကိုပထမဦးဆုံးခွပ်လှည့်ချစဉ်ကပင်ထွန်းစိန်တို့ကြက်သမားတစ်သိုက်လက်တွေ့
နေသည်။
အောင်မောင်းနှင့်တိုက်မည့်ကြက်က
ကြက်ပြာ။အလုံးအထည်မှာနှစ်ဦးစလုံးမတိမ်းမယိမ်း။သို့ပေမည့်ကြက်ပြာကကြက်ရင့်။သုံးပွဲပင်
ဝင်ဖူးပြီ။လည်ပင်းအမွေးများပင် ပြောင်နေပြီ။
အောင်မောင်းမှာခွပ်လှည့်ချကာစ။အမွေးတစ်ပင်
မှပင်မကျွတ်သေးချေ။
"ကဲ ထွန်းစိန်အလကားခွပ်လှည့်ချမယ့်
အတူ အရက်ဖိုးနှစ်ရာကြေးလောက်ထပ်လိုက်ရ
အောင်"
ကြက်ပြာအရှင်ကသွေးတိုးစမ်းနေပြီ။သို့
ပေမင့်ထွန်းစိန်မလောင်းရဲ။ကြက်နုနဲ့ ကြက်ရင့်
ဘယ်တုန်းကမှနိုင်ဖူးတယ်မရှိ။
"ငါ့ ကြက်ကအခုမှခွပ်လှည့်ချကာရှိသေး
တယ် ။မင်းကြက်ကပွဲတောင်ဝင်ဖူးပြီ မလောင်း
ရဲဘူး ရိုးရိုးဘဲခွပ်လှည့်ချ ကြည့်ရအောင်"
ထွန်းစိန်ကသူ့ကြက်ကိုစိတ်မချဟန်ဖြင့်
ပြောလိုက်သည်။
"အောင်မောင်းလိုလက်သပ်မွေးထားတဲ့
ကြက်နဲ့တောင်မတိုက်ရဲဘူးလား ထွန်းစိန်ရာ
သတ္တိမရှိဘူးလား ဒီလောက်စိတ်မချရတဲ့ ကြက်
များလက်သပ်မွေးမနေပါနဲ့ကွာ မင့်ကြက်အလ
ကားကြက်ပါ"
ကြက်ပြာအရှင်ကထွန်းစိန်စိတ်ကိုဆွ
ပေးလိုက်သည်။မိမိကြက်ကို စိတ်မချနိုင်သေး
သော်ငြားလည်း ထွန်းစိန်ကြက်သမားထုံးစံမခံ
ချင်စိတ်ကခေါင်းထောင်ထလာသည်။
"ကြေးတွေဘာတွေလုပ်မနေနဲ့ကိုယ့်လူ
နိုင်သူကကြက်ဆွဲတမ်းချလိုက်ရအောင်"
ကြက်ဆွဲတမ်းဆိုသည်မှာရှုံးတဲ့ကြက်ကို
နိုင်သူကယူရခြင်းဖြစ်သည်။တစ်ဖက်ကြက်ပြာ
ရှင်ကလည်းသူ့ကြက်ကိုယုံကြည်မှုအပြည့်ဖြင့်
'စိန်လိုက်လေ'ဟု ဆိုကာပွဲတိုက်ကြလေပြီ။
အခံချင်စိတ်ကြောင့်သာတိုက်ရသည်။
ထွန်းစိန်ရင်မှာတထိတ်ထိတ်။ကြက်နှစ်ကောင်
တည်မိသည်နှင့် အောင်မောင်း တရစပ်ခွပ်သည်
ကြက်နုပေမယ့် မျိ ုး ရိုးကော 'ဇ'ကောပါကောင်း
တဲ့ကြက်မို့ ခွပ်လှည့်ရင့်သော်လည်း ကြက်ပြာ
အောင်မောင်းကိုမလှန်နိုင်။အောင်မောင်း၏
တောင်ပံကြားတွင်လှည့်ပတ်ပုန်းရင်းအရှုံးပေး
လိုက်ရသည်။ထ်ုအချိန်မှစ၍ဗိုလ်ဆွဲလာခဲ့သည်မှာယနေ့ထိရှုံးပွဲမရှိသေးတဲ့အောင်မောင်း။
+ + + +
အောင်မောင်း ပွဲမဝင်ရသည်မှာအ
တော်ကြာပြီ။ကြက်ဝိုင်းမှာ အောင်မောင်းပါပြီဆို
လျှင်ပွဲပျက်ပြီ။အောင်မောင်းနှင့်မည်သည့်ကြက်
နှင့်မှမတိုက်ရဲတော့။ပြိုင်ပွဲ မရှိသောအခါအောင်
မောင်းမှာနာမည်ကြီးထမင်းငတ်ဖြစ်နေသည်။
နောက်ဆုံးထွန်းစိန်က နှစ်လေးတစ်လေး သုံး
လေးတစ်လေးပေး၍တိုက်မည်ဟုပြောတာတောင် စည်းဝိုင်းအတွင်းသို့တစ်ကောင်တစ်မြီးမှပေါ်
မလာ။ထွန်းစိန်၏စိန်ခေါ်သံက တချ ုန်းချ ုန်း
အောင်မောင်း၏တောင်ပံခတ်သံက တဗြုန်းဗြုန်း။
ထွန်းစိန်အရက်မူးတိုင်း "ဟေ့ အောင်မောင်းဆိုတာမျိ ုးနဲ့ရိုးနဲ့လာတဲ့ကြက်ကွ
ကလေကချေ အုတ်ကြားမြက်ပေါက် ထီးထမ်း
လမ်းလျှောက်တဲ့ မင့်တို့ ကြက်တွေလိုမဟုတ်ဘူး
အလကားကြက်သမားလုပ်ပြီး သတ္တိမရှိတဲ့သူ
တွေ" ဟုကြက်သမားများကိုခနဲ့တတ်သည်။
ထွန်းစိန်၏စကားကို ခန္တီစ မနိုင်၍
သည်းခံနေရသော်လည်းကြက်သမားများကမခံချင်။
"တစ်သက်လုံး ဗိုလ်ဆွဲသွားတဲ့ကြက်
ရယ်လို့ မရှိပါဘူးကွာ တစ်နေ့သူ့ထက်သာတဲ့
ကောင်ပေါ်လာမှာပါ" ဟုကြက်သမားတို့ရဲ့ ဥပ
ဒေသကိုအခါခါပြသည်။
ထိုသို့ပြောပြီး ကြိတ်ကြံသူရှိသလို
အောင်မောင်းကိုဖြိုနိုင်တဲ့ ကြက်ကိုလိုက်ရှာသူက
လည်းမရှား။
ကြက်သမားများစိတ်ဝင်စားနေသ
ည်က 'မိုင်တိုင်ဆန်'မဟုတ်။အသက်လေးဆယ်
ကျော်မှ ဒုတိယချန်ပီယံဖြစ်လာသူ 'ဂျိ ု ဖရေစီယာ'
မဟုတ်။သူတို့စိတ်ဝင်စားနေသည်ကအောင်မောင်း။သို့မဟုတ် အောင်မောင်း၏ သရဖူကိုလုမည့်
တိုက်ကြက်တစ်ကောင်သာဖြစ်လေသည်။
+ + + +
ပွဲကြီးပွဲကောင်းမှ တကယ့်ပွဲကြီးပွဲကောင်း။
အောင်မောင်း၏ ချန်ပီယံခါးပတ်ကိုလု
မည့်ကောင်ပေါ်လာပြီ။နာမည်က "ဂျီသရီး "။နှုတ်
ဆိတ်မြသည်။နောက်ပိုးသိပ်တဲ့နေရာမှာနှစ်ခါခုန်
စရာမလိုဟုပြောကြသည်။"ဂျီသရီး" အကြောင်း
သည်လောက်သာသိကြသည်။သည့်ထက်မည်သူမှပိုမသိကြ။
အောင်မောင်းနှင့် ဒေါင်းငေါက်သိပ်မ
ကွာ သူမသာ ကိုယ်မသာ။ဝိတ်တန်းညီသည်။
အတက်ကတော့ အောင်မောင်းလောက်မရှည်။
ချွန်လည်းမချွန်။အတက်လုံးးဖြစ်သည်။ထူးခြား
သည်ကအမွေးရောင်တူနေခြင်းဖြစ်သည်။နှစ်
ကောင်စလုံး 'ဖောင်းခြောက်' ဖြစ်သည်။
"အောင်မောင်းဟေ့နော် အတက်ဖျား
မှာ ရတက်ပွားသွားစေရမယ်ဟေ့"
အောင်မောင်း၏ဆရာ ကြက်ကိုင်ထွန်း
စိန်၏ကြုံးဝါသံကဟိုယခင်က မြန်မာ့လက်ဝှေ့သ
မားတစ်ယောက်နှယ် မာန်ပါလှသလို ဂျီသရီး၏
ကြက်ကိုင် "သာလူ"ကလည်းမခေ။
"ကြက်မှန်ရင် လင်းတလောက်ရှိပါစေ
ဂျီသရီး ခြေထောက်အောက်အသက်ပျောက်စေ
ရမယ်ဟေ့"
ကြက်ဝိုင်းတစ်ဝိုင်းလုံး ရင်တထိတ်
ထိတ်နဲ့တိုးဝှေ့ကြည့်နေကြသည်။ကြက်နှစ်ကောင်စလုံးမှာ ဗိုလ်တကာ့ဘုရင်များဖြစ်ကြသလို
လောင်းကြေးငွေကလည်းများသည်။ဒီပွဲရှုံးတဲ့သူ
ကတော့ မီးခိုးတိတ်မှ တကယ့်မီးခိုးတိတ်။
ဒိုင်ကတော့ ဦးဘမှန်းပဲဖြစ်သည်။တိုက်
ကြက်နှင့်ပတ်သတ်လျှင် သမာဓိ ရှည်လှပြီမို့
ကြက်သမားအသိုင်းအဝိုင်းမှာဦးဘမှန်းသြဇာက
ညောင်းသည်။ကြက်ပွဲဥပဒေနှင့် ပက်သက်၍အ
ငြင်းအခုန်ဖြစ်ပြီဆိုလျှင် ဦးဘမှန်းဖြေရှင်းလိုက်
သည်နှင့်ပြေလည်ရမြဲဖြစ်သည်။မပြေလည်ချင်၍
လည်းမရ။မကျေနပ်၍ အတွန့်တက်ပြီဆိုလျှင် ထို
ကြက်သမားအရှုံးနှင့်ပိုင်းရတတ်သည်။'ငါ့စကား
နွားရဆို' ဆိုသလိုဦးဘမှန်းဆုံးဖြတ်ချက်ကအ
တည်။
ဒိုင်က စည်းကမ်းချက်များကိုရှင်းပြ၍ပွဲစ
လေပြီ။
ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြလေပြီ
အောင်မောင်းမှာထုံးစံအတိုင်းအတင်းဝင်အတင်း
ရိုက်သည်။အောင်မောင်းခံစစ်ကိုမသုံး တိုက်စစ်
ကိုသာဦးစားပေးသည်။ခပ်ညံ့ညံ့ ကြက်သာဆို
လျှင် ရေပင်ကိုင်လိုက်ရမည်မဟုတ်။ဒီတစ်ချီ
တည်းနှင့်ပင်ပွဲသိမ်းသွားမှာသေချာသည်။သို့ပေ
မယ့် 'ဂျီသရီး' ကကြက်ပါး။အပူးမခံ လှည့်ကာ
ပတ်ကာနှင့်ခံစစ်ကိုဦးစားပေးပြီး လစ်ရင်လစ်သ
လို လျှပ်တစ်ပြက်တိုက်စစ်ဆင်တတ်သည်။
ပထမတစ်ရေအထိအခိုက်မရှိ
သေး။နှစ်ရေသုံးရေ လေးရေကိုင်အပြီးမှာတော့
နှစ်ကောင်စလုံး ဦးခေါင်းတစ်ဝိုက်ဖူးရောင်ပြီး
အညိုအမည်းတွေပေါ်လာပြီ။သက်လုံလည်းဖောက်လာကြပြီ။စောစောကလို သွက်သွက်လက်
လက်မခွပ်နိုင်ကြတော့။ခေါင်းတဆတ်ဆတ်နဲ့
ဖြစ်နေကြပြီ။
ထိုအခိုက်"ဖေ့သား အောင်မောင်း
ြိကိတ်လိုက်ပါလား" ဟူသောထွန်းစိန်အသံ နှင့်
အတူ 'သခင်အားပေး ကျွန်ဓားသွေး' ဆိုသကဲ့သို့
အောင်မောင်းတောင်ပံရိုက်သံတဖြန်းဖြန်းနှင့်နှစ်
ချက်ဆင့်ခုန်လိုက်သည်။ "ခွပ်" ခနဲမြည်သံနှင့်အ
တူ ဂျီသရီး တစ်ဖက်သို့လည်ထွက်သွားသည်။
အသေအချာကြည့်လိုက်တော့ ဂျီသရီး မျက်လုံး
တစ်ဖက်မရှိတော့။
ထွန်းစိန်သက်သာရာရသွားသည့်
ဟန်ဖြင့် 'ဟင်း' ခနဲသက်ပြင်းချလိုက်ကာ
"ကဲ သာလူ ဒီပွဲမှာ မင်းရှုံးပြီ "ဟုလက်မ
ထောင်ကာပြောလိုက်သည်။သာလူကလည်း
ကြက်သာရှုံးမည် လေတော့အရှုံးမခံ။
"ပွဲပြီး မီးသေကြည့်ပါဦး ထွန်းစိန်ရာ ဒီ
လောက်နဲ့ရှုံးပြီပြောလို့ဖြစ်မလားကွ"
"ဟ သာလူရ ဒီပွဲမှာမင်းမရှုံးရင် ဘယ်
လှည်းသမားကဝင် ရှုံးမှာတုန်းကွ"
ကြက်နှစ်ကောင် မီးကုန်ယမ်းကုန်
ခွပ်နေကြသလိုကြက်ရှင်နှစ်ယောက်ကလည်း
လေချင်းခွပ်နေကြသည်။
ဂျီသရီး ဆိုသည်ကြက်ကအတော်
ခံနိုင်ရည်ရှိသည့်ကြက် မျက်လုံးတစ်ဖက်ထွက်
သွားသော်ငြားစည်းဝိုင်းအပြင်ဘက်ကိုထွက်မ
ပြေး။နိုင်ကြက်ဖြစ်သည့် အောင်မောင်း၏ ခွပ်ချက်
များကိုရှောင်ကာ အောင်မောင်း၏တောင်ပံကြား
ကိုခေါင်းလျှိ ု ဝင်၍သူ၏အပိုင်နိုင်ဆုံးနောက်ပိုး
တိုက်ကွက်ကိုသုံးလိုက်သည်။
ဂျီသရီး၏ ခြေအစုံနှင့် အောင်မောင်း၏
ဦးခေါင်း "ခွပ်"ကနဲထိလိုက်သည့်အသံသည်အ
ကျယ်ကြီးမဟုတ်သော်ငြား ထွန်းစိန်နားထဲမှာ
တော့မိုင်းဗုံးတစ်လုံးပေါက်ကွဲသွားသလောက်
ထင်လိုက်သည်။
အောင်မောင်းလည်ကြီးစင်းကာခြေ
ထောက်များတစ်ဆတ်ဆတ်တုန်ပြီးညွတ်ကျကာ
နောက်ဆုံးဆန့်ငင်ဆန့်ငင်နှင့်အသက်ထွက်သွား
ရရှာတော့သည်။
နိုင်ပွဲရပေမယ့် ဂျီသရီးဆိုတဲ့ ကြက်လဲ
မသက်သာ။ပွဲပြီး၍ မကြာခင်မှာသူလည်းအသက်
ပါသွားလေပြီ။
"ကဲဟေ့ ကြက်သေတာချင်းအတူတူ
မင်းကနိုင်တဲ့သူဆိုတော့ အရက်ဖိုးဒကာခံ"
"ရပါတယ် ထွန်းစိန်ရာ ဘယ်လောက်
ကုန်ကုန်တာဝန်ယူပါတယ် အရက်အမြည်းက
တော့ "
"ဒီမှာလေကွာ" ဆိုပြီးအောင်မောင်းနှင့်
ဂျီသရီး ကြက်သေနှစ်ကောင်ကိုမြှောက်ပြလိုက်
ကာ ကြက်သမားတစ်သိုက်အရက်ဝိုင်းသို့ချီတက်
သွားကြလေသည်။
ကြက်သေနှစ်ကောင်ကိုဆွဲပြီး အရက်
ဝိုင်းသို့ထွက်ခွာသွားသောကြက်သမားတစ်စုကို
ကြည့်ကာ ဒိုင် ဦးဘမှန်းပြုံးနေသည်။ပြုံးဆိုဒီပွဲမှာ
ဦးဘမှန်းအတွက် မြိုးမြိုးမြက်မြက်ရလိုက်သည်။
လောင်းကြေးငွေထဲမှ ဆယ်ရာခိုင်နှုန်းရသည့်အ
ပြင် ဂျီသရီး ဘက်မှတစ်ဖက်လှည့်နှင့်လောင်း
သည့်ငွေကရဦးမည်။ဒီလောက်တော့ရသင့်သည်ဟု ဦးဘမှန်းသူ့ကိုယ်သူနှစ်သိမ့်သည်။ဒီပွဲကိုဖြစ်
မြောက်အောင်သူဆောင်ရွက်ခဲ့ရသည်။
ဒါပေမယ့်ဒီနောက်ကွယ်ကလျှို ု့ဝှက်
ချက်ကိုတော့ အိမ်ကမိန်းမတောင်ပြောလို့မဖြစ်
ဟု ဦးဘမှန်းတွေးထားသည်။
အဲဒီ လျှိ ု့ဝှက်ချက်သာပေါက်ကြားသွား
ပါက သမာဓိဆိုတဲ့ဂုဏ်သိက္ခာကို ခိုက်သွားမည့်
အပြင်တစ်သက်လုံးသူ့ကိုလေးစားတော့မည်မ
ဟုတ်ပေ။
သာလူ့ကို ဂျီသရီးဆိုသည့်တိုက်ကြက်
ကြီးဝယ်ခိုင်းခဲ့သည်က ဦးဘမှန်း။ဝယ်သာဝယ်
လာခဲ့ရသည် ဂျီသရီး၏ ရာဇဝင်ကိုသာလူမသိ။
ဦးဘမှန်းသာသိသည်။
ဂျီသရီး ၏အကြောင်းမှာအခြားမဟုတ်
ဂျီသရီး ဆိုသည်မှာ တစ်ချိန်ကမြစ်ရိုးတစ်လျှောက်
တွင်နာမည်ကြီးခဲ့သည့် "ကျောက်ခဲစိန်" ဆိုသည့်
ကြက်နှင့်ဖောက်ခဲ့သည့် သား။တစ်နည်းဆိုရ
သော် အောင်မောင်းနှင့် ဂျီသရီး တို့မှာ ဖအေတူ
မအေတူ ညီအစ်ကိုအရင်းများဖြစ်ကြလေသည်။
ဦးဘမှန်း လျှိ ု့ဝှက်စွာပြုံးနေရင်းမှ တ
ဟားဟားအသံထွက်အောင်ပင်အော်ရယ်ပစ်လိုက်တော့သည်။
ခုချိန်လောက်ဆိုလျှင် ကြက်သမား၏အ
ရက်မြည်းအတွက် အောင်မောင်းနှင့် ဂျီသရီး တို့
ညီနောင်နှစ်ပါး ဟင်းအိုးထဲတွင် တောင်ပံယှက်
ကာ သိပ်ချစ်နေကြပေရော့မည်။
မောင်ကိုတိုး(ခင်ဦး)
မှတ်ချက် ။ ။၁၉၉၅ခုနှစ် မိုးမိုး(အင်းလျား) အမှတ်တရ ဝတ္ထုတိုပြိုင်ပွဲမှ တတိယဆုရရှိသော
ဆရာမောင်ကိုတိုး(ခင်ဦး)၏"အိုးမည်းတော"စာမူ
အားမျှဝေခံစားပေးနိုင်ရန်ဖေါ်ပြလိုက်ရပါသည်။
0 Comments