စုန်းပညာသည် (သရဲဇာတ်လမ်း)

 ဝတ္ထုတို အမည် - စုန်းပညာသည်

စာရေးသူ - 

Short Story


-------------------------------------------------

စုန်းပညာသည်

***********


{ 108 }ပုဒ်မြောက်


မိတ်ဆွေဆရာမတစ်ယောက်ရဲ့ကိုယ်တွေ့ဖြစ်ရပ်မှန်ကိုခံစားတင်ပြပါသည်။


လွန်ခဲ့သောနှစ်များစွာကဖြစ်ရပ်မှန်ပါစုန်းပညာအကြောင်းမသိပါသူပြောပြသည့်အတိုင်းရေးထားခြင်းဖြစ်သည်။


°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°


ဆရာမလေးဒီရွာရောက်တော့အလွန်စိတ်ညစ်သွားသည်ရွာသည်မဖွံဖြိုးမတိုးတက်သေးသည့်အပြင်


လမ်းပန်းဆက်သွယ်ရေးကလဲမကောင်းပါထို့ကြောင့်ဘွဲ့ရကာစလုပ်ငန်းခွင်စဝင်သော


သူမအဖို့အစစအရာရာသည်အဆင်မပြေမှု့များတွေ့နေရသည်။


ငယ်ရွယ်သောသူမသည်ရွာကျောင်းကဆရာမလေးအဖြစ်တာဝန်ကျလာသည်မှာအံဝင်ခွင်ကျမဖြစ်သေးပါ


သူမရွာရောက်ပြီးမကြာခင်တွင်ဒီရွာကလေးအကြောင်းအတော်သိလာရသည်။


ဒီရွာတွင်စုန်းပညာသည်တစ်ယောက်ရှိကာရွာနှင့်ခပ်လှမ်းလှမ်းတောစပ်တွင်နေသည်။


ဆရာမလေးကစုန်းပညာသည်များအားတခါမှမမြင်ဘူးပါစာအုပ်များထဲမှာဖတ်ဘူးတာနှင့်


သူများပြောတာသာကြားဘူးနေခြင်းဖြစ်ပါသည်။


ဆရာမလေးဖတ်ဘူးသောစာတအုပ်ထဲတွင်နိုင်ငံခြားတိုင်းပြည်တခု၌စုန်းပညာသည်များသည်


တပျက်စည်းကိုစီးပြီးကောင်းကင်တွင်ပျံ၍သွားကြရာတချိူ့့လေယာဉ်များပင်ရှောင်သွားရသည်ဟုသိရသည်


ထိုကြောင့်ထိုတိုင်းပြည်ကဘုရင်ကစုန်းပညာရှင်များအားလေယာဉ်ပျံပျံသန်းသောအမြင့်ထက်


ကျော်လွန်စွာပျံသန်းခွင်နှင့်လေယာဉ်ပျံနှင့်တန်းတူပျံသန်းသွားလာခွင့်ကိုပိတ်ပင်ထားကာ


စုန်းပညာသည်များကောင်းကင်တွင်ပျံရန်အမြင့်ပေသတ်မှတ်ပေးထားသည်ဟု


ထူးထူးဆန်းဆန်းသတင်းတပုဒ်အားဖတ်ရသည်ကိုပြန်သတိရမိသည်။


ဆရာမလေးကစုန်းပြုစားတာကိုလဲတခါမှမမြင်ဘူးပါစုန်းအကြောင်းကိုတော့အမျိူ းမျိူ းကြားဘူးနေပေမဲ့လက်တွေ့မတွေ့ဘူးပေ


ဒီရွာကစုန်းမနေသောအိမ်သည်မှုန်ကုတ်ကုတ်နှင့်သာမန်အိမ်ပုံစံနှင့်မတူပဲတမူထူးခြားနေသည်။


ခြံထဲတွင်သစ်ပင်များထူထပ်စွာစိုက်ထားသဖြင့်အိမ်ကိုအလွယ်တကူမတွေ့ရပေ


ထိုစုန်းမအိမ်သည်အလင်းရောင်အားနဲကာအမြဲတမ်းမှောင်နေလေ့ရှိသည်။


ထိုစုန်းမရုပ်ရည်သည်ရုပ်ရှင်တွေထဲကလိုရုပ်ဆိုးမနေဘဲညိုချောဟုပြောရမလိုလှပသည်သူမတွင်အိမ်ထောင်ရှိကာ


သမီးကလေးတစ်ယောက်ရှိသည်ထိုသမီးကလေးသည်ဆရာမလေးအတန်းတွင်စာသင်နေသူဖြစ်သည်။


တခြားရွာထဲကကလေးများကစုန်မကလေးဟုဆိုကာအပေါင်းအသင်းမလုပ်ကြပေမဲ့


ထိုကောင်မလေးသည်စာတော်ရှာသည်ဆရာမလေးကတော့တပည့်များအပေါ်တန်းတူဆက်ဆံသည်။


စုန်းမသမီးကလေးကအမြဲအားငယ်နေသောမျက်နှာကလေးနှင့်အဖော်မဲ့နေတတ်သဖြင့်ဆရာမလေးကအားပေးရှာသည်။


တနေ့ဆရာမလေးကသူ့တပည့်စုန်းမသမီးလေးကျောင်းမလာတာ၂ရက်ရှိ၍သတင်းသွားမေးသည်။


အများကပြောနေကြသောထိုစုန်းမသည်ထမီခြုံပါကလဒတစ်ကောင်ဖြစ်သွားသည်ဟုပြောကြပေမဲ့


ခေတ်ပညာတတ်သောဆရာမလေးကတော့မယုံပါသိပ်စိတ်မဝင်စားပါ


ကလေးကျောင်းမတက်တာအဓိကသိချင်၍စုန်းမအိမ်သို့ရောက်ရှိသွားသည်။


ဆရာမလေးကအိမ်ထဲမဝင်သလိုစုန်းမကလဲအိမ်ထဲသို့မခေါ်ပါဝင်စေချင်ပုံလဲမရပါ


ကလေးကနေမကောင်း၍်ဆရာမလေးကကောင်းမွန်စွာဆက်ဆံ၍ကလေးအတွက်ဓတ်စာများဝယ်ပေးခဲ့သည်


ထိုနေ့မှအစပြု၍ဆရာမလေးနှင့်စုန်းမမိသားစုတဖြေးဖြေးရင်းနှီးလာလေသည်။


ဆရာမလေးကမြို့ကပြန်လာတဲ့အခါထိုစုန်းမမိသားစုအတွက်လက်ဆောင်လေးတွေပေးတတ်သလို


ထိုစုန်းမမိသားစုကလဲဆရာမလေးအတွက်ခြံထွက်အသီးအနှံလေးတွေလာပေးတတ်လေသည်။


လူအများကတော့စုန်းမမိသားစုပေးသောအစားအစာများကိုမစားရန်ဝိုင်းတားပေမဲ့


ဆရာမလေးကတော့ဘာမှမဖြစ်၍စားမြဲစားသည်ထိုအခါရွာသူတချိူ့ကဆရာမလေးအား


'''''ဆရာမရေ----အဲစုန်းမပေးတာသတိထားစားနော်တော်ကြာတခုခုဖြစ်နေအုံးမယ်-----တခါတုန်းကရွာကိုရောက်လာတဲ့ပရောဂါကုတဲ့ဆရာက--------စုန်းမကိုပညာသွားစမ်းတာစုန်းမကပရောဂါဆရာကို--------ငါရံ့ခြောက်ပြားကြီးနှစ်ပြားကိုကြိုးနဲ့သီပြီးလက်ဆောင်ပေးလိုက်တယ်------


ဒါနဲ့ဆရာလဲရွာထဲကိုငါးရံ့ခြောက်ပြားနှစ်ပြားလက်ကဆွဲပြီးပြန်လာတာပေါ့------အဲဒီမှာရွာထဲကလေးတွေကသူ့့ငါးခြောက်ပြားကိုကြည့်ပြီးအော်ရယ်နေလို့------လက်ထဲကငါးခြောက်ပြားကိုကြည့်မိတော့----


ဖိနပ်စုတ်တစုံကိုကြိုးနဲ့သီပြီးဆွဲလာတဲ့သူ့အဖြစ်ကြောင့်ရှက်ပြီးရွာကထွက်ပြေးသွားတယ်--------အဲဒီစုန်းမကညဘက်တွေဆို-----တခြားရွာတွေကပညာသည်တွေနဲ့ပညာပြိုင်ကြတယ်ပြောတယ်----'''''


'''''ဟုတ်တယ်ဆရာမလေးရေ----စုန်းမပညာကအဆင့်အတော်မြင့်နေပြီလို့ပြောတယ်---------ရွာထဲကရှေ့မှီနောက်မှီလူကြီးတွေပြောစကားအရ-------သူတို့ကမျိူ းရိုးလိုက်စုန်းပညာလက်ခံလာတာလို့ပြောတာပဲ'''''''


သူတို့စကားကိုဆရာမလေးကနားသာထောင်နေရတာစိတ်ဝင်စားလှသည်မဟုတ်ပါ


ဒါပေမဲ့ထိုစုန်းမကိုတော့တရွာလုံးကလန့်ကြလေသည်သူမအိမ်ရှေ့သို့ဖြတ်သွားဖြတ်လာသိပ်မလုပ်ကြပေ


ျိုစုန်းမအိမ်ရောက်ဘူးသောဆေးဆရာတစ်ယောက်ပြောပြသည်ကသူမအိမ်ထဲတွင်လူဦးခေါင်းခွံများ


တွေ့ရသည်ဟုသိရကာဘုရားစင်မရှိဟုကြားရလေသည်။


လပြည့်လကွယ်ညများတွင်စုန်းမနေသောတောစပ်မှဝင်းဝင်းအလုံးများကောင်းကင်တွင်ပျံဝဲနေသည်ကို


ရွာကလူအများတွေ့ကြရသည်ထိုမီးလုံးလိုဝင်းဝင်းအလုံးများတောထဲသို့ဝင်ရောက်သွားကာ


နိမ့်လိုက်မြင့်လိုက်ဖြင့်ပျံနေကြသည်ကိုတရွာလုံးကတော့စုန်းမီးကစားနေသည်ဟုပြောကြသည်။


ထိုစုန်းမကလူအများကိုအခြောက်တိုက်ဒုက္ခမပေးတတ်ပေလူတွေနဲ့ခပ်ကင်းကင်းနေပေမဲ့သူ့ကိုလာစော်ကားပါက


အသက်သေသည်အထိလုပ်တတ်သည်ဟုအများကပြောပေမဲ့ဆရာမလေးကတော့အယုံအကြည်မရှိပါ။


တရက်တွင်ဆရာမလေးနဲ့အတူနေသောဆရာမနှစ်ယောက်ထဲမှတစ်ယောက်သည်မြို့သိုအရေးတကြီးကိစ္စနဲ့သွားရာ


ဆရာမလေးနဲ့အတူဆရာမအဖော်တစ်ယောက်သာကျန်ခဲ့လေသည်။


နောက်တနေ့ဆရာမလေးကျောင်းကအပြန်စုန်းမကဆရာမလေးကိုထူးထူးဆန်းဆန်းစကားဆိုလေသည်။


'''''ဆရာမလေးရေ-----ဒီရက်ပိုင်းမှာသတိဝရိယနဲ့နေနော်----ဆရာမလေးအတွက်အန္တရယ်ရှိ်တယ်'''''


ဆရာမလေးကစုန်မစကားကြာင့်စိတ်ထင့်သွားမိပေမဲ့အသေအချာမမေးဖြစ်ခဲ့ပါအလေးလဲမထားမိပေ


မကြာခင်တွင်ဆရာမလေးအတွက်မကြုံစဖူးထိတ်လန့်စရာညတညကြုံလာရသည်။


ထိုညကလမသာပါပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲတိတ်ဆိတ်နေသည်။


ဆရာမလေးတို့သူငယ်ချင်းနှစ်ယောက်တံခါးများသေချာပိတ်၍စောစောအိပ်ကြလေသည်။


ဆရာမလေးတို့သူငယ်ချင်းနှစ်ယောက်အိပ်ပျော်နေတုန်းညသန်းခေါင်လောက်တွင်


ဆရာမလေးနှာခေါင်းထဲအရက်နံ့ကြီးကိုပြင်းစွာရှုလိုက်မိရာအိပ်ယာမှလန့်နိုးသွားလေသည်။


ထိုအချိန်တွင်ဆရာမလေးဘေးနား၌လူတစ်ယောက်အသက်ရှုသံပြင်းပြင်းကိုကြားရကာတစ်ယောက်ယောက်ဘေးနားရှိနေသလိုခံစားမိသည်။


ထိုအခါဆရာမလေးကခေါင်းအုံးဘေးချထားသောဓတ်မီးဖြင့်နဘေးသို့ထိုးကြည့်လိုက်ရာ


မျက်နှာကိုအဝတ်စည်းထားသောလူတစ်ယောက်သည်ဆရာမလေးခြင်ထောင်ဘေးတွင်ထိုင်နေသည်ကို


အထိတ်တလန့်တွေ့လိုက်ရာဆရာမလေးကငယ်သံပါအောင်ကုန်းအော်လိုက်လေသည်။


'''''လာကြပါအုံး-----ကယ်ကြပါအုံး-----အိမ်ပေါ်ကိုလူတက်နေလို့ပါ-----''''


ရုတ်တရက်ဆရာမလေးအော်သံကြောင့်ဘေးကသူငဟ်ချင်းဆရာမလဲနိုးသွားကာသံပြိုင်အော်ကြလေသည်။


''''''လာကြပါအုံး-----ဒီမှာအိမ်ပေါ်ကိုလူတက်နေပါတယ်''''


''''' လာကြပါအုံးးးးးးးးးးးးးးးးးးးသခိုးးးးးးးးးးးးးးး''''


ဆရာမလေးတို့နှစ်ယောက်လဲငယ်သံပါအောင်အော်သံကြောင့်ခြင်ထောင်ဘေးရောက်နေသော


လူသည်အိမ်ပေါ်မှကမန်းကတန်ှးပြေးထွက်သွားလေသည်။


ထိုအချိန်မှာပဲတရွာလုံးဓတ်မီးများတဝင်းဝင်းဖြင့်ရွာထဲကလူများကဒါးများတုတ်များဆွဲကာ


ဆရာမလေးတို့အိမ်သို့အပြေးအလွှားရောက်လာလေသည်။


'''''လိုက်ဟေ့-----သခိုး----သခိုး'''''


''''''လူစုခွဲလိုက်ကြဟေ့-----မိရင်တော့သေပြီသာမှတ်''''


''''''ဆရာမလေးတို့ဘာဖြစ်တာလဲ-----ဘာဖြစ်လို့လဲ'''''


''''''ဘာဖြစ်သွားသေးလဲ'''''


''''သခိုးဝင်တာလား-----ဘယ်လိုရောက်နေတာလဲ'''''


ရွာသားများတစ်ယောက်တပေါက်ဖြင့်မေးနေတာကိုဆရာမလေးကမဖြေနိုင်သေးပဲ


ရင်တုန်ပန်းတုန်ဖြစ်ကာရှိုက်ကြီးတငင်ငိုချလိုက်လေသည်ကျန်ဆရာမတစ်ယောက်က


အကျိူးအကြောင်းရှင်းပြရာရွာသားများကတောက်တခေါက်ခေါက်ဖြင့်ဆရာမလေးတို့အိမ်ပတ်ဝန်းကျင်အား


ပိုက်စိတ်တိုက်ရှာကြရာယောင်္ကျားစီးဖိနပ်တဖက်အားခြံနောက်ဘက်မှာတွေ့ရလေသည်။


ဒါနဲ့အဲဒီဖိနပ်တဖက်အားသဲလွန်စအနေဖြင့်ယူသွားကြကာဆရာမလေးအိမ်တွင်အစောင့်များချထားပေခဲ့ကြသည်။


ဆရာမလေးကတော့လက်မတင်ကလေးလွတ်ခဲ့သောမိမိဘဝကံကြမ္မာကိုပြန်တွေးရင်း


အလွန်တုန်လှုတ်ခြောက်ခြားလျက်ရှိသည်စုန်းမသတိပေးစကားကိုလဲပြန်ကြားယောင်နေမိသည်။


ရွာသားများပြန်လည်အိပ်မောကြနေချိန်မှာတော့စုန်းမအိမ်ခြံဝင်းထဲကမဲမဲအကောင်တစ်ကောင်သည်


ကောင်ကင်ပေါ်သို့ပျံဝဲကာတက်သွားသည်ကိုမည်သူမှမသိလိုက်ပါ


ထိုမဲမဲသတ္တဝါသည်ရွာနောက်ဘက်တောတန်းထဲသိုလျှင်မြန်စွာဝင်ရောက်ပျောက်ကွယ်သွားလေသည်။


နောက်ရက်မှာတော့ရွာလူကြီးများနှင့်ရဲများအလုပ်ရှုတ်လျက်ရှိသည်။


သဲလွန်စရထားသောဖိနပ်တဘက်ဖြင့်ဆရာမလေးတို့အိမ်ဝင်ခဲ့သောတရားခံကို


အပူတပြင်းလိုက်စုံစမ်းနေကြလေသည်ရွာထဲကောရွာနီးစပ်များပါမကျန်စစ်ဆေးကြသည်။


ထိုအခါဆရာမလေးတို့ရွာချင်းကပ်ရပ်မှလူတစ်ယောက်ပျောက်နေသည်ဟုသတင်းရလေသည်။


ထိုလူသည်လူဆိုးလူမိုက်အရက်သမားတစ်ယောက်ဖြစ်ကာဆရာမလေးအားသဘောကျနေသည်ဟုသိရသည်။


နောက်နှစ်ရက်လောက်အကြာတွင်ရွာအနောက်ဘက်တောထဲ၌လူတစ်ယောက်ရုပ်ပျက်ဆင်းပျက်သေနေသော


အလောင်းအားရွာသားများကတွေကြလေသည်ထိုအလောင်း၏ခြေထောက်တွင်ဖိနပ်တဘက်တည်းစီးထားသည်။


ကျန်ဖိနပ်တဖက်သည်ဆရာမလေးအိမ်နောက်တွင်ကျန်ခဲ့သောဖိနပ်တဖက်ဖြစ်လေသည်။


ထိုသူသည်တဘက်ရွာမှပျောက်ဆုံးနေသောအရက်သမားဖြစ်သည်။


ထိုသူသည်ဆရာမလေးအိမ်တက်ပြီးတဲ့ညကတည်းကသေဆုံးခဲ့ပုံရကာသူ့့အားမည်သူသတ်သွားမှန်းမသိပါ။


သူသေဆုံးပုံသည်ရုပ်ပျက်ဆင်းပျက်ရှိကာမသေခင်ကအလွန်ထိတ်လန့်ဖွယ်ကောင်းသော


အဖြစ်နှင့်ကြုံခဲ့ရသလိုပင်မျက်လုံးကြီးများအဆမတန်ပြူးးထွက်နေကာမချိမဆန့်သေခဲ့ရပုံပေါ်လေသည်။


ရဲများလည်းတရားခံကိုရှာနေပေမဲ့ဘာသဲလွန်စမှမရပါရွာထဲကလူတချို့ကတော့


ဒီလူသတ်တရားခံသည်သာမန်လူမဖြစ်နိုင်ဟုယူဆကာစုန်းမအားသံသယဝင်နေကြသည်။


သို့ပေမဲ့လက်ဆုပ်လက်ကိုင်မပြနိုင်ပါစုန်းမကိုလဲသူတို့ကကြောက်နေရသည်မဟုတ်လား


ဆရာမလေးကတော့ဒီရွာမှာဆက်မနေချင်တော့ဟုဆိုကာကျောင်းပြောင်းရန်စီစဉ်လေသည်။


ဆရာမလေးရွာကပြန်မဲ့နေ့ကရွာထဲကဆရာမလေးတပည့်များငိုလိုက်ကြသည်မှာဆူဆူညံညံပင်


ရွာသားများလည်းစိတ်မကောင်းဖြစ်ကြသည်မျက်ရည်ခိုင်သောဆရာမလေးပင်မျက်ရည်ဝဲနေမိသည်။


ဆရာမလေးကစုန်းမမိသားစုကိုသွားနုတ်ဆက်သည့်အခါစုန်းမသမီးကလေးသည်ငိုလိုက်သည်မှာ


ဆရာမလေးပင်မျက်ရည်ကျမိလေသည်စုန်းမကတော့ဆရာမလေးအားစိတ်မကောင်းစွာပြောလိုက်သည်။


'''''ဆရာမလေးရေ-----လူ့ဘဝဆိုတာတွေ့ကြုံဆုံကွဲဖြစ်မြဲဓမ္မာတာဆိုပေမဲ့---------ဆရာမလေးနဲ့ကျွန်မတို့ရေစက်ကတိုလွန်းပါတယ်--------


ကျွန်မတို့မိသားစုကိုအများနဲ့တန်းတူမခွဲခြားပဲဆက်ဆံပေးတာကိုအလွန်ကျေးဇူးတင်ပါတယ်-----


ကျွန်မသမီးကလေးကိုလဲစိတ်ဓတ်ခွန်အားတွေပေးပြီးစာသင်ပေးခဲ့တာကိုမမေ့ပါဘူး--------'''''


'''''တကယ်တော့ကျွန်မ----ဆရာမလေးကိုကြိုတင်ကာကွယ်မပေးနိုင်ခဲ့ဘူး----------''''''


ဆရာမလေးကကလေးအနာဂတ်အတွက်စေတနာစကားဆိုရှာသည်


''''ကျွန်မကတော့ကလေးအနာဂတ်မှာကောင်းမွန်စွာရှင်သန်စေချင်တယ်---အရိပ်မဲလွှမ်းမိုးမှု့အောက်မှလွတ်စေချင်တယ်''''


''''''ကျွန်မကျိူ းစားပါ့မယ်----'''


ဆရာမလေးကစုန်းမပြောသောစကားများကိုလေးနက်စွာတွေးရင်းတခုခုကိုသိနေသလိုခံစားလိုက်ရသည်။


ဆရာမလေးကသူမေးချင်သောအကြောင်းအရာများကိုစုန်းမအားနုတ်ကထုတ်မမေးမိပေမဲ့


စုန်းမမျက်ဝန်းကအဖြေကိုတော့ရှာဖွေတွေ့ရှိသွားသည်တကယ်ဆိုတော့လူသားတိုင်းမှာ


ခံစားတတ်သည့်နှလုံးသားတစုံရှိစီရှိနေကြကာမေတ္တာဆိုတာအလျားအနံမရှိပေမဲ့


အသွားအပြန်ရှိသည်ဆိုတာကိုဆရာမလေးလုံးဝလက်ခံယုံကြည်မိပါသည်။


ပြီး

-------------------------------------------------

K Sharing Audiobook ၏ Social Media Channel များ

K Sharing Youtube

Telegram Channel

Facebook Page


Post a Comment

0 Comments