နှမ်းတစ်စေ့၊ကြယ်တစ်ပွင့်နှင့်မှင်တစ်စက် - မစန္ဒာ ( ဝတ္ထုတို )

 ဝတ္ထုတို အမည် - နှမ်းတစ်စေ့၊ကြယ်တစ်ပွင့်နှင့်မှင်တစ်စက်

စာရေးသူ - မစန္ဒာ


-------------------------------------------------


နှမ်းတစ်စေ့၊

ကြယ်တစ်ပွင့်နှင့်မှင်တစ်စက်


( မစန္ဒာ )


စျေးနီးပါသည်။

ဘာစားခဲ့သလဲ။

အမဲသား ငါး စားရဲ့လား။

ဘဲဥ ခဝဲသီး စားပါသည်။

အေးနွယ်သည်ဘဲဥဆိုင်ရှေ့တွင်ရပ်ရင်းမိမိတို့ငယ်စဉ်ကအော်ပြီးဖတ်ခဲ့ရသောမြန်မာသင်ပုန်းကြီးဖတ်စာသစ်မှ ဖတ်စာတစ်ပိုဒ်ကိုသတိရသည်။ထို့နောက်တစ်ဦးတည်းပြုံးမိသည်။

မေးသူက " အမဲသားငါးစားရဲ့လား " ဟုမေးသည်။

ဖြေသူက " ဘဲဥ ခဝဲသီး စားပါသည် " တဲ့။ " ဒီစာရေးသူဟာ ငါတို့လိုလူတန်းစားတွေအကြောင်းကောင်းကောင်းသိတယ်ထင်ပါရဲ့ "

အေးနွယ်သည် အရွယ်တူအလုံးတူဘဲဥများထဲမှာ အတန်ငယ်ကြီးသောဘဲဥကိုဂရုတစိုက်ရွေးသည်။ လကုန်ရက်နီးပြီဆိုတော့သူတို့မိသားစုလည်းဘဲဥစားရသောရက်ကဆက်လာပြီ

ဖြစ်သည်။ ယောကျာ်းရောမိန်းမရောအလုပ်လုပ်သော်လည်း ကလေးကအပြင်တွင်နှစ်ယောက် ဗိုက်ထဲတွင်တစ်ပိုင်းဆိုတော့ သိပ်ပြီးမချောင်လည်လှ။ လဆန်းရက်ဆိုလျှင်တော့

အေးနွယ်တို့မိသားစုထမင်းဝိုင်းလေးသည် အသားချိုချို ဆီစိုစိုနှင့် မြိုင်မြိုင်ဆိုင်ဆိုင်၇ှိတတ်သည်။လကုန်ရက်နီးလာလျှင်တဖြည်းဖြည်းနှင့်အသားဟင်းပျောက်ကာဆီခြောက်လာတတ်

သည်ကဒီတလတည်းမဟုတ် လစဉ်လတိုင်းဖြစ်သည်။

အေးနွယ်သည်ဘဲဥခြောက်လုံး၀ယ်ပြီး သားငါးတန်းဘက်သိုကမသွားတော့ဘဲ ဟင်းသီးဟင်းရွက်တန်းတွင်သာယောင်ချာချာနှင့်ဝဲလှည့်နေသည်။ဆူးပုပ်ရွက်တွေ့တော့ဘဲဥနှင့်

ကြော်ရန်ဟင်းစပ်ကိုစဉ်းစားပီး ၀မ်းသာသွားသည်။ဆူးပုပ်ရွက်နှစ်စည်း ငရုပ်သီးစိမ်းနှင့်ပဲစောင်းလျားသီးတစ်စည်း၀ယ်သည်။တော်ပြီးအိမ်ပြန်တော့မည်။ကြက်သွန်နီစျေးတက်နေ

သည်မို့ လင်တောင်မောင်ကကြက်သွန်နီကိုအလုံးလိုက်ကိုက်ပီးတို့စရာလုပ်စားအုန်းမယ်ကိုတွေးမိတော့ရင်ထဲတွင်မသက်သာ။အရက်သေစာအပျော်အပါးလောင်းကစားလုံး၀

မရှိပဲရသမျှလခပုံပီးအပ်သောယောကျာ်းကို " ကြက်သွန်နီစျေးကြီးတယ် တို့မစားပါနဲ့ " ဟုပြောဖို့ကလဲမသင့်တော်လှ။ " အင်း....အမေလည်းဒီလိုပဲ ကြက်သွန်နီအလုံးလိုက်

ကိုက်စားတတ်တာ အခွံနွှာပြီးလေးစိတ်စိတ်ပေးပါ့မယ်ဆိုတောင်မရဘူး ဒီတိုင်းကိုက်စားရတာပိုကောင်းသတဲ့ "

အစိုးမရသောစိတ်ကအမေ့ဆီချက်ချင်းရောက်သွားသည်။အေးနွယ်အပျိုဘ၀တုန်းကတော့ အမေ့ကိုဒီလောက်မတွယ်တာခဲ့ပေ။မိမိကိုယ်တိုင်မိခင်ဘဝရောက်သောအခါမှအမေ့ကို

ပိုပီးချစ်ခင်တွယ်တာလာမိသည်။သို့သောစိတ်သွားတိုင်းကိုယ်မပါသောအိမ်ထောင်သည်ဘဝရောက်နေပီမို့အမေ့ဆီသိပ်မရောက်ဖြစ်။

" ဒီနေ့ရုံးစောစောဆင်းပြီးအမေ့အိမ်၀င်ဦးမှပဲ၊ အမေ့ဆီမရောက်တာကြာပီ နေမှကောင်းရဲ့လားမသိဘူး " အမေနှင့်အေးအေးဆေးဆေးစကားမပြောဖြစ်တာကြာပီ။

" လဆန်းတော့မှအမေကြိုက်တဲ့ ထမင်းလက်သုပ်လေးသုပ်ပီး သွားပို့အုန်းမယ် ။ ဟွန်း.........နံလိုက်တာ " အေးနွယ်သည်အိမ်သို့ခပ်သုတ်သုတ်ပြန်ခဲ့သည်။ဖြတ်နေကျဖြတ်လမ်း

ဖြစ်သောလမ်းကြားကလေးထဲသို့၀င်မိသည်နှင့် ဟီးထနေသောအမှိုက်ပုံကြီးကဆီးကြိုသည်။

ဒီလမ်းထောင့်တွင်အမှိုက်ပုံကြီးရှိနေသည်မှာနှစ်ပေါင်းအတော်ကြာလေပြီ။အမှိုက်ကားကနှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါလာပီးသိမ်းတတ်သော်လည်း တစ်ရပ်ကွက်လုံးတွင်ရှိရှိသမျှ

အမှိုက်အားလု့းကိုဒီမှာပင်လာပီးစွန်ပစ်ာကလေတော့ ချက်ချင်းပင်ပြန်ပြီးမို့မောက်သွးတတ်သည်။

" ဒေါ်ဒေါ် စျေးကပြန်လာတာလား " " သြော်...မောင်အေးလွင် " လမ်းထိပ်ကုန်စုံဆိုင်မှမောင်အေးလွင်ကနှုတ်ဆက်သည်။သူ့လက်ထဲတွင် စက္ကူ နှင့်ထုပ်သောသားရေကွင်းနှင့်

ပတ်ထားသော အထုပ်တစ်ထုပ်ကို ကိုင်ထားလေသည်။အထုပ်ပေါ်တွင် ကျွတ်ကျွတ်အိတ်လေးပါ ထပ်စွပ်ထားသေးသည်။

" ဘာထုပ်လဲဟဲံ့ " " ပုစွန်အခွံတွေ ဒေါ်ဒေါ်ရဲ့ နံနေမှာစိုးလို့ " " အောင်မယ်လေးဟယ် အမှိုက်ပုံကိုများ နင်မို့နံမှာစိုးတယ် " " ဒီနားကအိမ်တွေနံမှာစိုးလို့ပါ ဒေါ်ဒေါ်ရဲ့နောက်ပီး

ဒီလိုထုပ်ထားတော့ ယင်တို့ကြွက်တို့သိပ်မအုံ မအောင်းဘူးလေ ဟုတ်ဘူးလား " " အင်း....ဟုတ်တော့ဟုတ်သား

အေးနွယ်သည် အမှိုက်များကိုလက်လွတ်စပယ်ပစ်တတ်သော မိမိကိုယ်မိမိ မလုံမလဲရှိဆဲတွင် ပွဲစားကြီးအိမ်မှအိမ်ဖော်မလေးကအမှိုက်ပုံးဆွဲကာရောက်လာသည်။အမှိုက်ပုံးပြုလုပ်ထားသော

လေးထောင့်သံပုံးကိုလက်နှစ်ဖက်နှင့်မြှောက်ကာမှောက်ချလိုက်သည်။ငါးကြေးခွံများ ပုစွန်ခွံများ ပုလင်းကွဲအစများနှင့်စက္ကူ စုတ်များအန်ထွက်လာလေသည်။

" နင်တို့အမှိုက်ပစ်ရင်ဒီလိုကြီးပဲ " " အမှိုက်ပစ်တာ ဘယ်လိုပစ်ရမှာတုန်း " " အဲ့ဒီပုစွန်ခွံတွေ ငါးတွေကိုစက္ကူ နဲ့ထုပ်ပီးမှပစ်ပါလားဟ " " အောင်မယ် အမှိုက်ကိုများ စက္ကူ ထုပ်ရမယ်

သတင်းစာစက္ကူ များအလကားမှတ်လို့ ရောင်းစားလို့ရတယ်ဟဲ့ " " သတင်းစာနဲ့မထုပ်ချင်လည်းစည်ပင်ကရောင်းတဲ့ပလပ်စတစ်အိတ်ကြီးနဲ့ထည့်ပေါ့ " " ထုပ်နိုင်ပါဘူး အားအားယားယား

ဘယ်သူကအလုပ်ရှုပ်ခံလို့ထုပ်မှာလဲ အလကားရလို့လား " " ဒါကတော့၀ယ်ရမှာပေါ့ဗျာ " " ၀ယ်နိုင်ပေါင်တော် " " သန့်ရှင်းအောင်လို့ဟ ကပ်စေးနည်းနေလို့ဖြစ်မလား "

" အမှိုက်ပုံပါဆိုမှ နင်ကသန့်ရှင်းနေချင်လို့လား " " သန့်ရှင်းချင်တာပေါ့ဟာ ရောဂါအစအမှိုက်ပုံကတဲ့ " " လုပ်မနေနဲ့ နှမ်းတစ်စေ့နဲ့ဆီမဖြစ်ဘူး "

အေးနွယ်က မောင်အေးလွင်ကိုလှမ်းကြည့်သည်။မောင်အေးလွင်ကတော့ဟီးထနေသောအမှိုက်ပုံကြီးကိုမော်ကြည့်ရင်းခေါင်းကုတ်နေလေသည်။


" ဘုရားးး ဘုရားးး ကားပျက်ဦးမှာလား မသိ " ကားစက်သံကအဆုတ်နာရောဂါသည်ကြီးချောင်းဆိုသလို မြည်လာတော့ အေးနွယ်ဘုရားတမိသည်။

" သြော်...အမေတို့အိမ်၀င်ချင်ပါတယ်ဆိုမှဟယ် " ဘုရားတမဆုံးခင် ဟီးနိုးကားကြီးကဆန့်ငင်ဆန့်ငင်ထိုးရက်သွားသည်။ကိုယ်၀န်သည်ခရီးသည်ပင်ဖြစ်သော်လည်း ထိုင်စရာနေရာမက

နေ့တိုင်းရတတ်လေသည်မဟုတ် အပေါ်ကသံတန်းလှမ်းခိုလိုက် နောက်မှီကသံတန်းဆွဲဖမ်းလိုက်နဲ့ ယိမ်းယိမ်းယိုင်ယိုင်လိုက်ရသည်။ဒီနေ့တော့ ကံကောင်းထောက်မပီး ကားပေါ်ရောက်

တော့ ကောင်မလေးတစ်ယောက်က ရှေ့မှတ်တိုင်ဆင်းမှာဟုပြောပီးလှမ်းခေါ်ကာနေရာဖယ်ပေးသည်။အခုတော့ကားပျက်ပီ။ကားပြောင်းစီးလျှင်ရထားသောနေရာကလေးလည်း

ပျောက်သွားတော့မည်.။ " ကဲ ဆရာတို့ရေ အညောင်းပြေ အညာပြေ နံနက်ခင်းလေးကျင့်ခန်းလေးများယူကြရအောင် " ကားစပယ်လေးအကုညီတောင်းတော့ လူငယ်လူရွယ်

အမျိုးသားများကားပေါ်က ဆင်းသွားကြသည်။နေရာရထားသော အမျိုးသားခ၇ီးသည်များက တုတ်တုတ်မျှမလုပ် ။ နေရာပျောက်ွားမှာစိုးလို့ထင်သည်။သို့သော်နေရာမရထားသော

မတ်တပ်အမျိုးသားအချို့ကပါ ပေပီးရပ်နေကြသည်။အောက်ကလူများက ကားကိုအားစိုက်ပီးတွန်းကြသည်။သို့သော် ကားအလေးချိန်အပြင် ကားပေါ်မှလူများရဲ့အလေးချိန်ကပါ

တနင့်တပိုးရှိနေလေတော့ ကားကြီးကသိပ်မေ၇ွှ့ချင်ပေ။

" ကူညီကြပါဗျာ ဒီလိုနဲ့ ကောင်းသွားရင်ကားမပြောငးရဘဲလိုတဲ့နေရာမြန်မြန်ရောက်ကြရမှာပေါ့ " စပယ်ယာလေးပြောတော့ နောက်ထပ် ခြောက်ဦးလောက်ဆင်းသွားသည်။

အေးနွယ်သူ့ဘေးတွင်ရပ်နေသူကမသိမသာမော့ကြည့်သည်။တက်ထရက်တိုက်ပုံနှင့် ရခိုင်လုံချည်ကိုသပ်သပ်ရပ်ရပ်၀တ်ထားသည်။အသက်ကသုံးဆယ်၀န်းကျင်ခန့်ရှိဦးမည်။

အေးနွယ်မော့ကြည့်တော့ အနေခက်ဟန်နှင့်သူ့နှာခေါင်းကိုသူလက်ညှိုးနှင့် ပွတ်နေသည်။" ဟင်းအသက်ငါးဆယ်တွေတောင်အောက်ဆင်းပီးတွန်းနေကြတာ သူကငယ်ငယ်ရွယ်ရွယ်

နှင့်မရှက်တတ်ဘူး " အေးနွယ်တွေးနေဏဉ် ကားစက်သံကတဖွတ်ဖွတ်မြည်လာပီး ပြန်ရပ်သွားသည်။

" အမေရေ အမေ့သား ပိုက်ဆံလည်းပေးရသေး ကားလဲတွန်းရသေးဗျာ " ခပ်နောက်နောက်လူငယ်တစ်ဦးကအော်သည်။ " ကဲ ကျားဘသားနင်လားဟဲဟီးနိုး။ငါပဲဟဲ့ နွားသိုး၊ အဲလေ

ကြမ်းပိုး၊ အဲ ဟုတ်ပေါင် ကဲ ဘာကောင်ဖြစ်ဖြစ် တွန်းတွန်း " တွန်းနေသူများကပေါက်ကရအော်နေကြသော်လည်းအားစိုက်တွန်းကြသည်။အေးနွယ်သည် ထိုင်နေရသည်ကိုအားနာလာသည်။

ထိုင်နေရကောင်းနိုး ဆင်းရကောင်းနိုးတွင် ကားစက်သံက မြည်လာပြီးပြန်ပြီးရပ်သွားသည်။

" ဟူးးး အမေ့အိမ်ကိုတော့ ၀င်နိုင်တော့မှာမဟုတ်ဘူး " အေးနွယ်သည်စိတ်ပျက်ပြီးတွေးမိစဉ်တွင်ပင် စပယ်ယာလေးက " ကဲ..ကားပြောင်းစီးကြပေတော့ဆရာတို့ရေ " ဟုကြေငြာ

လေသည်။

အေးနွေယ်ရဲ့ဘေးမှကိုရွှေတိုက်ပုံကတော့ " ဘတ်စ်ကားစီးရတာများ ဘယ်တော့မှအဆင်မပြေဘူး ကားတွေကလဲအစုတ်အပြတ်ကြီး " သူ့စကားကြားတော့စယ်ယာလေးက

ဆတ်ခနဲလှမ်းကြည့်သည်။ " ကားကစုတ်ပေမဲ့ ရေသာခိုနေတဲ့အမျိုးသားတွေပါ ဆင်းပြီးတွန်းလိုက်ရင်နိုးသွားမှာပါ ဆရာသမားရဲ့ " ဟုမျက်နှာထားတည်တည်နှင့်ပြောသည်။

ထိုသူသည်နည်းနည်းရှက်သွားပီး ကားပေါ်မှခပ်သွက်သွက်ဆင်းသွားသည် သို့သော် မကြားတစ်ကြားပြောသွားသေးသည်။

" ကြယ်တစ်လုံးနဲ့တော့ ထူးပြီးမလင်းပါဘူး ကိုယ့်လူရာ "


အေးနွယ် ရုံးကိုရောက်တော့ရုံးတံခါးတွေမဖွင့်သေးပေ။ထိုစဉ်ရုံးလုလင်လေး " မောင်လှဝေ " ရောက်လာသည်။

" အမ ဒီနေ့စောလှချည်လား " " နင်ကရော နောက်ကျလိုက်တာ ကိုးနာရီတောင်ထိုးနေပီ " " အေးဗျာ အမေနောက်မကောင်းလို့ဆေးခန်းလိုက်ပို့နေရတာနဲ့ "

" ငါကတော့ အိမ်ကစောစောထွက်လာတာလမ်းမှာကားပျက်နေတာနဲ့ ကားပြောင်းစီးမလို့ဆင်းလာရတာ အသိကားနဲကတွေ့တော့ ရုံးဘက်လမ်းကြုံတာနဲ့ အမေ့အိမ်တောင်

မ၀င်ဖြစ်တော့ပဲ ရုံးကိုပဲစောစောလာခဲ့လိုက်တာ "

အေးနွယ်ကကြမ်းတွင်ချထားသောကြိမ်ခြင်းထောင်းကိုကိုင်ကာ ရုံးခန်းထဲ၀င်ခဲ့သည်။ကျွီအိကျွီအိနှင့်မြည်သံကြားတော့ အပေါ်ဘက်ကိုမော့ကြည့်မိသည်။ငွေရောင်ပျောက်ကာ

ဘာရောင်မှန်းမသိဖြစ်နေသော ပန်ကာကြီးများကညည်းညည်းညူညူနှင့်လည်ပတ်နေကြသည်။

" ဟော...ကြည့်အုန်း စိုးမောင်ကတော့လုပ်ပါပြီဗျာ " မောင်လှဝေကစိတ်ပျက်လက်ပျက်ပြောရင်းပြတင်းပေါက်များကိုလိုက်ဖွင့်သည်။

" မနေ့ညတုန်းကဦးလေး ဦးစိုးမောင်ရယ် ဦးထွန်းဟန်ရယ် နောက်ဆံးကျန်တာဗျ ရုံးဆင်းတော့ စစ်တုရင်စစ်ပွဲထိုးလိုက်အုန်းမယ်ဆိုပီး မထကြသေးဘူး ကျွန်တော့ကိုပြန်နှင့်

အခန်းတံခါးတွေသူတို့ပိတ်ခဲ့မယ် ဆိုပီးတော့......... "

" အေး..သူတို့ကတံခါးပိတ်မယ်သာပြောတာပန်ကာပိတ်မယ်လို့ပြောတာမှမဟုတ်ဘဲ " အေးနွယ်သည်ပန်ကာနှစ်လုံးကိုတစ်ညတာလုံးလည်ပတ်ပေးနေရသော လျှပ်စစ်မီတာများရဲ့

တန်ဖိုးကိုစိတ်တွက်နှင့်တွက်ကြည့်ရင်းနှမြောသွားသည်။

" စောလှချည်လား ဒေါ်ခင်အေးနွယ် စံပြလုပ်သားဆုယူတော့မလို့ထင်တယ် " အေးနွယ်ရောက်ပီးမကြာခင် ကိုထွန်းဟန်ရောက်လာသည်။လျှပ်စစ်မီးချောင်းကို တစ်ချောက်ချောက်နှင့်

လိုက်ဖွင့်သည်။ဖြိုးဖြိုးဖျပ်ဖျပ်နှင့်လင်းလာသောမီးရောင်အောက်တွင် ကြမ်းပေါ်မှ အခွံတွေပုံထားတာထင်းနေသည်။

" ဦးလေးတို့ကလည်း ကွာစေ့တွေစားပီးရင် စားပွဲပေါ်မှာအခွံတွေပုံထားရောပေါ့ဗျာ " မောင်လှဝေကမရဲတရဲပြောရင်းတံမြက်စည်းဆွဲကာစတင်ပီးလှည်းကျင်းသည်။

" ပု့မနေအောင်းပေါင်ကွာ၊ ဟိုကောင်စိုးမောင်ကငါ့ဘု၇င်မကိုအပြတ်လိုက်ဖမ်းနေလို့ပြေးနေရတာ ကွာစေ့ကိုအခွံစားမိလား အသားစားမိလားတောင် မသိဘူး "

ကိုထွန်းဟန်ကတဟဲဟဲနှင့်ရယ်နေလေသည်။ပန်ကာအောက်တွင်ထိုင်နေသောအေးနွယ်ကအအကိုက်မပြေသေးလို့စားပွဲပေါ်မှဂျာနယ်တစ်စောင်ကိုခေါက်ချိုးကိုင်ပီး ယပ်ခတ်နေသည်။

" ရှင့်ဟာရှင်ကွာစေ့ကိုစားတာ အသားစားစား အခွံစားစား စားချင်တာစား ဒါပေမဲ့ပန်ကာလေးတော့ပိတ်သွားဖို့ကောင်းတာပေါ့ " " ဟောဗျာ အဲ့ဒါစိုးမောင်ဗျ ကျွန်တော်ကတံခါးပိတ်တာ

ဒီလူမီးပိတ်တာ ဟော...လာပြီးဟေ့ ကိုစိုးမောင်ခင်ဗျားပန်ကာပိတ်မသွားဘူးဆို "

ကိုစိုးမောင်ကဝ်လာပီးသားရေအိတ်နှင့်ခေါက်ထီးကိုစားပွဲပေါ်ချရင်းဝါးခနဲသမ်းလာသည်။ " ဟုတ်သားပဲ သတိမထားမိလိုက်ဘူး " ကိုစိုးမောင်ကပန်ကာအောက်လာထိုင်သည်။

မောင်လှဝေကအမှိုက်များကိုကျုံးကာအမှိုက်ခြင်းထဲကိုထည့်ရင်းမရဲတရဲလှမ်းပြောသည်။

" ပန်ကာနှစ်လုံးကတစ်ညလုံးလည်နေတာဦးလေးရ နှမြောစရာကြီး "

" မင်းကဘာနှမြောတာလဲ " " မီတာခတွေပေါ့ " " အောင်မာမင်းပေး၇တာကျနေတာပဲ မင်းအဘရုံးကပေးနေတာကိုများ "

" ရုံးကပေးရင်လည်း နှမြောတာပဲပေါ့လို့ " " ခွေးကောင်လေး မိကျောင်းမင်းများရေခင်းပြလို့" မောင်လှဝေကဇက်ကလေးပုသွားသည်။ဘာမှဆက်မပြောပဲတံမြက်စည်းဆက်လှည်းသည်။

" ပန်ကာလေးနှစ်လုံးတစ်ညလည်တာများ အဲ့ဒီငွေမကုန်တော့ရော ချက်ချင်းမချမ်းသာသွားမှာကျနေတာပဲ။လုပ်မနေနဲ့ မှင်တစ်စက်နဲ့ပင်လယ်ရေမပြာဘူး "

ဒေါ်အေးနွယ်ကမကြားချင်ယောင်ဆောင်နေလိုက်သည်။


ဆိုရိုးစကားရှိသည်။နှမ်းတစ်စေ့တည်းနဲ့ဆီမဖြစ်၊ ကြယ်တစ်ပွင့်ထဲနဲ့ မလင်း၊ မင်တစ်စက်ထဲနှင့်ပင်လယ်ရေမပြာပါတဲ့။

သို့သော်........နှမ်းစေ့ကလေးများအများအပြားစုမိသောအခါ ဆီဖြစ်လာသည်။

အရောင်လဲ့လဲ့ရှိသောကြယ်ပွင့်ကလေးများစုမိသောအခါ သိပ်သည်းနက်ရှိုင်းလှသော အလင်းရောင်တန်သလောက်တော့လင်းလာသည်။

ထိုနည်းတူစွာ တစ်စက်တစ်စက်သောမင်စက်ကလေးများစုမိလျှင် အပြောကျယ်လှသောပင်လယ်ရေပြင်သည်လည်း ပြာနိုင်လောက်ပါသည်။


မစန္ဒာ

Post a Comment

0 Comments